
နေပြည်တော် ဒီဇင်ဘာ ၂၆
ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၄ ရက် နံနက် ၈ နာရီက ပင်လောင်းမြို့နယ် စင်းတောင် ကျေးရွာအုပ်စု တင်ထက်ကျေးရွာ ရှိ ဘိန်းစိုက်ခင်း ၁၅ ဧကခန့် အား ဖျက်ဆီးဆောင်ရွက်သည်။
အလားတူ နံနက် ၉ နာရီတွင် ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် လွယ်ဆောင်ကျေးရွာ အတွင်းရှိ ဘိန်းစိုက်ခင်း ဧက ၄၀ ခန့်အား ဖျက်ဆီးဆောင်ရွက်ခဲ့ ကြောင်း၊ ထို့အတူ နံနက် ၇ နာရီခွဲ တွင် လွိုင်လင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် လွိုင်လင်မြို့နယ် ပင်လုံမြို့ ဆဟောင်းကျေးရွာ အုပ်စု ကျူနိမ့်ကျေးရွာသို့ ရောက်ရှိ ပြီး ဝမ်ဟွေ့ကျေးရွာတောင်ဘက် တစ် မိုင်ခန့်အကွာရှိ ဘိန်းစိုက်ခင်း ရှစ် ဧကခန့်ကို ဖျက်ဆီး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရဲပြန်ကြား