Safe and Fair Project ၏ အမျိုးသားအကြံပေးကော်မတီ အစည်းအဝေးကျင်းပ

Safe and Fair Project ၏ အမျိုးသားအကြံပေးကော်မတီ အစည်းအဝေးကျင်းပ

 

=======================================================================

 

နေပြည်တော် စက်တင်ဘာ ၄

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့- ILO နှင့် UN Women Myanmar တို့ပူးပေါင်း၍ Safe and Fair Project ပါ အာဆီယံဒေသတွင်းရှိ အမျိုးသမီး ရွှေ့ပြောင်းအလုပ်သမားများအတွက် အခွင့်အရေးများနှင့် အခွင့်အလမ်းများ ရရှိစေခြင်းနှင့်စပ်လျဉ်းသည့် အမျိုးသားအကြံပေးကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual Meeting ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ အလုပ်သမားညွှန်ကြားရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာစန်းစန်းအေး၊ အမျိုးသားအကြံပေးကော်မတီအဖွဲ့ဝင်များ၊ UN Resident Coordinator Office မှ UN Resident and Humanitarian Coordinator၊ Mr. Ola Almgren၊ ဥရောပသမဂ္ဂကိုယ်စားလှယ် Dr. Johann Hesse, Charged’Affaires၊ ILO Myanmar မှ Liaison Officer၊ Mr. Donglin  Li နှင့် UN Women Myanmar မှ Country Representative၊ Mr. Nicholas  Burniat တို့ တက်ရောက်ကြသည်။

 

ချိတ်ဆက်ဆောင်ရွက်ရန်လို

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက Safe and Fair Project အကောင်အထည်ဖော်ရာတွင် ပိုမိုထိရောက်မှုရှိစေရေး ILO နှင့် UN Women Myanmar တို့အား အကြံဉာဏ်များ ပံ့ပိုးပေးနိုင်ရေး၊ ဘေးကင်းလုံခြုံပြီး မျှတမှု ရှိသော ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဖြစ်စေရေးနှင့် လူကုန်ကူးခံရခြင်း၏ ဆိုးကျိုးများ လျှော့ချရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးရန်ဖြစ်ကြောင်း၊ စီမံကိန်း၏ မဟာဗျူဟာများနှင့် ဦးစားပေးကဏ္ဍများအပေါ် အကြံပြုချက်များ ပံ့ပိုးပေးရန်၊ စီမံကိန်းအကျိုးရလဒ်များကို စောင့်ကြည့်လေ့လာရန်၊ အစီရင်ခံစာများအပေါ် ပြန်လည်ဆွေးနွေးသုံးသပ်ရန်နှင့် အကြံပြုချက်များပေးနိုင်ရန် ရည်ရွယ်၍ အစည်းအဝေးကျင်းပခြင်းဖြစ်ကြောင်း၊ Safe and Fair Project စီမံကိန်းအရ ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေးဗဟိုဌာနမှ ဝန်ထမ်းများအတွက် အကြိုသင်တန်းများဖွင့်လှစ်နိုင်ခဲ့ပြီး ဟင်္သာတမြို့၊ အောင်လံမြို့၊ လွိုင်ကော်မြို့တို့ တွင် ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေးဗဟိုဌာန (MRCs)များ ဖွင့်လှစ် ခဲ့ပြီး မိုးညှင်းမြို့တွင် ဆက်လက်ဖွင့်လှစ်ရန်ကျန်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသ ကြီးတွင် ဆောင်ရွက်မည့် အသိပညာပေးလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ တိုင်းဒေသကြီးမှ တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်ရန်လိုကြောင်း။

 

ပူးပေါင်းဆောင်ရွက်ပေးစေလို

 

အမျိုးသမီးရွှေ့ပြောင်းအလုပ်သမားများအတွက် လုပ်ငန်းခွင်အတွင်း ဥပဒေပါအခွင့်အရေးများ ဆုံးရှုံးမှုမရှိရေး၊ အကြမ်းဖက်မှုများ မခံရရေးလိုအပ်သည့် လူမှုကာကွယ်စောင့်ရှောက်မှုများ ပေးရန်လိုကြောင်း၊ အလုပ်သမားသံအရာရှိ များနှင့် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးများမှ သံအမတ်ကြီးများ၏ ဦးဆောင်မှု ဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ သက်ရောက်မှု ကြောင့် ပြန်လည်ဝင်ရောက်လာသူ ရွှေ့ပြောင်းလုပ်သား တစ်သိန်းခွဲကျော်သွားပြီ ဖြစ်၍ ကျွမ်းကျင်မှုအလိုက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ်ထိ အကောင်အထည်ဖော် ဆောင်ရွက်မည့် Safe & Fair စီမံကိန်း၏ ရှေ့လုပ်ငန်းစဉ်များတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခံစားရသည့် ရွှေ့ပြောင်းအလုပ်သမားများအပါအဝင် အလုပ်သမားများအားလုံးကို ဦးတည်ဆောင်ရွက်ပေးစေလိုကြောင်း၊ ကြုံတွေ့ နေရသည့် စိန်ခေါ်မှုများ အခက်အခဲအကျပ်အတည်းများကို အောင်မြင်စွာ ကျော်လွှားနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက စဉ်ဆက် မပြတ် ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

 

ရှင်းလင်းဆွေးနွေး

 

ယင်းနောက် UN Resident Coordinator Office၊ ဥရောပသမဂ္ဂကိုယ်စား လှယ်၊ ILO နှင့် UN Women Myanmar တို့မှ ဌာနေကိုယ်စားလှယ်တို့က အမှာ စကားပြောကြားပြီး အစည်းအဝေးအစီအစဉ်အတိုင်း ဆက်လက်ကျင်းပရာ ILO နှင့် UN Women တို့က ရွှေ့ပြောင်းသွားလာခြင်းနှင့် အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးစီမံချက်များ၊ Safe & Fair စီမံကိန်းနှင့်စပ်လျဉ်း၍ ၂၀၂၀ လုပ်ငန်း အစီအစဉ်၊ အခြားအာဆီယံနိုင်ငံများတွင် လုပ်ဆောင်နေမှုများ၊ ၂၀၂၀ ပြည့်နှစ် တွင် ဦးစားပေးဆောင်ရွက်ရမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေး၍ တက်ရောက်လာသူများက လိုအပ်သည်များ အကြံပြုဆွေးနွေးပြီး အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် နှင့် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးတို့က နိဂုံးချုပ် ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်