ဂျပန်နိုင်ငံ၌ နှင်းများထူထပ်စွာ ကျဆင်းမှုကြောင့် ပြည်တွင်းလေကြောင်းခရီးစဉ် ၁၀၀ ကျော် ဖျက်သိမ်း

တိုကျို   ဒီဇင်ဘာ   ၂၆


ဂျပန်နိုင်ငံ အနောက်ပိုင်းနှင့် မြောက်ပိုင်းဒေသများ တွင် နှင်းများထူထပ်စွာကျဆင်းမှုကြောင့် ဒီဇင်ဘာ ၂၆ ရက်တွင် ပြည်တွင်းလေကြောင်းခရီးစဉ် စုစုပေါင်း ၁၀၀ ကျော်အား ဖျက်သိမ်းခဲ့ကြောင်း ယနေ့စီအင်န်အေ သတင်းတစ်ရပ်အရ သိရသည်။


ယင်းသို့ နှင်းများထူထပ်စွာကျဆင်းမှုကြောင့်  All  Nippon  Airways  လေကြောင်းလိုင်းက လေကြောင်းခရီးစဉ် ၇၉ ခုအား ရပ်ဆိုင်းခဲ့ကြောင်းနှင့် ယင်းခရီးစဉ်များ ဖျက်သိမ်းခဲ့ခြင်းကြောင့် ခရီးသည် ၅၁၀၀  ခန့်အတွက်  ခရီးသွားလာမှု   နှောင့်နှေးခဲ့ရ ကြောင်း အဆိုပါလေကြောင်းလိုင်းမှ တာဝန်ရှိသူ ဟာယာကာဝါက ပြောကြားခဲ့သည်။


ထို့ပြင်  ဂျပန်နိုင်ငံ   လေကြောင်းလိုင်းများ ကုမ္ပဏီကလည်း    ပြည်တွင်းလေကြောင်းခရီးစဉ် ၄၉ ခုကို ဖျက်သိမ်းခဲ့ရခြင်းကြောင့် ခရီးသည် ၂၄၆၀ အတွက်   ခရီးသွားလာမှုဆိုင်ရာ   ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


ကမ္ဘာတစ်ဝန်းတွင်မူ    အိုမီခရွန် ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်နေသည့်အတွက် ခရစ္စမတ်ကာလအတွင်း     လေကြောင်းခရီးစဉ် ထောင်ပေါင်းများစွာအား ဖျက်သိမ်းခဲ့ရကြောင်းလည်း သိရသည်။    ဂျပန်နိုင်ငံသည်  အိုမီခရွန် ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်မှုကို တားဆီးကာကွယ်ရန် နယ်စပ် ဒေသများအား   ပိတ်ထားခဲ့ရကြောင်းနှင့် လက်ရှိတွင် ဂျပန်နိုင်ငံ၌ အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက် ခံရသူစုစုပေါင်း   ၂၃၁   ဦးရှိကြောင်း   ဂျပန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ 


ကိုးကား - စီအင်န်အေ 
ဘာသာပြန် - အလင်းသစ်