ဘရာဇီးနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၁၆၄ ဦးရှိ

ဆော်ပေါ်လို   ဒီဇင်ဘာ   ၂၆


ဘရာဇီးနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၁၆၄ ဦး ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၆၄ ဦးရှိကြောင်း ဘရာဇီး ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။


ဘရာဇီးကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်သည့် အချက်အလက် များအရ နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၆၁၈၃၉၂ ဦးရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၂၂၂၃၀၇၃၇ ဦးရှိလာကြောင်း သိရသည်။


ဘရာဇီးနိုင်ငံသည် ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုတွင် အမေရိကန်နိုင်ငံပြီးနောက် ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု တွင်မူ အမေရိကန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ နောက်တွင် တတိယအများဆုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရသည်။


လက်ရှိတွင် ဘရာဇီးနိုင်ငံ၌ နိုင်ငံလူဦးရေ၏ ၆၇ ဒသမ ၉ ရာခိုင်နှုန်း သို့မဟုတ် လူဦးရေ ၁၄၂ ဒသမ ၃ သန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။    ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - အလင်းသစ်