
တီဟီရန် ဒီဇင်ဘာ ၂၆
အီရန်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၉၆၇ ဦး ထပ်မံ တွေ့ရှိခြင်းကြောင့် အဆိုပါ ရောဂါ ကူးစက်ခံရသူပေါင်း ၆၁၈၁၇၈၄ ဦး ရှိလာကြောင်း အီရန်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ထို့ပြင် အီရန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၄၄ ဦး ထပ်မံတွေ့ရှိသဖြင့် အဆိုပါရောဂါ ဖြင့် သေဆုံးသူပေါင်း ၁၃၁၃၀၆ ဦးရှိလာသည်။ အီရန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသဖြင့် ဆေးရုံ အသီးသီးမှ ဆင်းခွင့်ရသူပေါင်း ၆၀၂၂၁၅၀ ရှိကြောင်းနှင့် အထူးကြပ်မတ်ကုသဆောင်များ ၌ ဆေးဝါးကုသမှုခံယူလျက်ရှိသူ ၂၇၉၆ ဦးရှိကြောင်း သိရသည်။
လက်ရှိတွင် အီရန်နိုင်ငံသား ၅၉၄၁၈၅၇၁ ဦးသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတစ်ကြိမ်ထိုးနှံမှုခံယူပြီး ဖြစ်ကြောင်းနှင့် ၅၀၉၈၅၃၉၇ ဦးသည် ကာကွယ် ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီး ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အီရန်နိုင်ငံတွင် လူဦးရေ ၅၁၈၈၈၃၆ ဦးသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် အပိုဆောင်း ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်းနှင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားချိန်မှ စတင်ကာ လက်ရှိအချိန်အထိ လူဦးရေ ၄၁၂၈၆၂၇၉ ဦးအား ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်း ရှိ၊ မရှိ စမ်းသပ်စစ်ဆေးပြီးဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်