
ဂျေရုဆလင် ဒီဇင်ဘာ ၂၆
အစ္စရေးနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၉၁ ဦး ထပ်မံ တွေ့ရှိခဲ့ခြင်းကြောင့် အဆိုပါရောဂါ ကူးစက်ခံရသူ ပေါင်း ၁၁၁၈ ဦးရှိလာကြောင်း အစ္စရေးကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။
အစ္စရေးနိုင်ငံ၌ အဆိုပါအိုမီခရွန်ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူများအနက် ၇၂၃ ဦး သည် ပြည်ပမှ ပြန်လည်ရောက်ရှိလာသည့် ခရီးသည် များဖြစ်ကြောင်း အစ္စရေးကျန်းမာရေးဝန်ကြီးဌာနက ထပ်လောင်းပြောကြားသည်။
ထို့ပြင် အစ္စရေးနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူ ၁၇၇၅ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်း ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၃၆၃၅၇၇ ဦးရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်သည် လာမည့်ရက်များတွင် လျင်မြန်စွာ မြင့်တက်လာမည်ဟုလည်း မျှော်လင့်ရကြောင်း အစ္စရေးကျန်းမာရေးဝန်ကြီးဌာနက မှတ်ချက်ပြု ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်