
ဖနောင်ပင် ဒီဇင်ဘာ ၂၇
အထက်တန်းပညာရေးပြီးဆုံးသည့်စာမေးပွဲကို ကမ္ဘောဒီးယား နိုင်ငံတွင် ကျင်းပရာ ကျောင်းသား ကျောင်းသူပေါင်း ၁၁၄၁၈၃ ဦး ပါဝင်ဖြေဆိုခဲ့ခြင်းဖြစ်ကြောင်း၊ ကိုဗစ် - ၁၉ ကူးစက်မှုများ ကို ထိန်းချုပ်မှုအောက်ထားရှိပြီးနောက် ဒီဇင်ဘာ ၂၆ ရက် တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စာမေးပွဲဖြေဆိုသူများနှင့် စာမေးပွဲစစ်ဆေးသူများသည် တင်းကျပ်သည့်ကိုဗစ် -၁၉ စည်းကမ်းချက်များကို လိုက်နာ ရမည်ဖြစ်ပြီး ပါးစပ်၊ နှာခေါင်းစည်းတပ်ခြင်း၊ လက်ဆေးခြင်းနှင့် အပူချိန်တိုင်းတာမှုများကိုလည်း လုပ်ဆောင်မည်ဖြစ်သည်။
ကိုဗစ် -၁၉ ကူးစက်ပျံ့နှံ့မှုကို ကာကွယ်သည့်အနေဖြင့် လူအချင်းချင်း ခပ်ခွာခွာနေသည့် စည်းကမ်းများကိုလည်း လိုက်နာရမည်ဖြစ်သည်။ ကာဇတ်စတန်မှ တိုင်းပြည်အတွင်းသို့ ပြန်လာသည့် ကျောင်းသားနှစ်ဦးတွင်လည်း ကိုဗစ် - ၁၉ ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
ပြီးခဲ့သည့် နှစ်အတွင်းကလည်း ကပ်ရောဂါကြောင့် အစိုးရသည် ဂရိတ် ၁၂ ကျောင်းသားများကို စာမေးပွဲဖြေဆို ခြင်းမရှိဘဲ အောင်မြင်ခွင့်ပေးခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံတွင် ယခုအချိန်ထိ ကိုဗစ် -၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးပြီးသူ ၁၄ ဒသမ ၂၄ သန်းရှိပြီး နှစ်ကြိမ် ကာကွယ်ဆေး ထိုးပြီးသူ ၁၃ ဒသမ ၆၂ သန်းရှိသည်ဟု ကျန်းမာရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဆင်ဟွာ