နိုင်ငံအတွင်းရှိ လူများအားလုံးကို အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးရန် ဂျပန်စီစဉ်

 

 

တိုကျို ဒီဇင်ဘာ ၂၈ 
ဂျပန်အစိုးရသည် နိုင်ငံအတွင်းရှိ လူအားလုံးအတွက်  အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ်  ဖူမီယိုကီရှီးဒါးက ဒီဇင်ဘာ ၂၈ ရက်တွင် ပြောကြား လိုက်သည်။ 
ပြည်သူများ  ဘေးကင်းစေရန် နိုင်ငံအတွင်းရှိ ကိုဗစ်-၁၉    ဆန့်ကျင်ကာကွယ်ရေး  လုပ်ဆောင် ချက်များကို အကောင်းဆုံးလည်ပတ်လုပ်ဆောင် လျက်ရှိကြောင်း ကီရှီးဒါးက ပြောကြားလိုက်သည်။ ဒီဇင်ဘာလအစမှာပင် ဂျပန်နိုင်ငံသည် ကျန်းမာရေး ဝန်ထမ်းများကို    ကိုဗစ်-၁၉    ကာကွယ်ဆေး တတိယအကြိမ် စတင်ထိုးပေးခဲ့သည်။ နောက်ပိုင်း တွင် သက်ကြီးနိုင်ငံသားများကို နောက်နှစ် ဖေဖော် ဝါရီမှစကာ စတင်ထိုးနှံပေးသွားရန် စီစဉ်ထားသည်။ နောက်ပိုင်းမှသာ ကျန်ရှိသည့် နိုင်ငံသားများကို ဆက်လက်ထိုးပေးသွားမည်ဖြစ်သည်။ 
ဆင်ဟွာ