(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် နေပြည်တော် လေ့ကျင့်ရေးစခန်း၌ အားကစားနည်းများလေ့ကျင့်‌နေ

 

 

နေပြည်တော်   ဒီဇင်ဘာ   ၂၈   
၂၀၂၂ခုနှစ် ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်   ပိုက်ကျော်ခြင်းအားကစားနည်း ဝင်ရောက်ယှဉ်ပြိုင်သွား‌မည်ဖြစ်ကြောင်း သိရသည်။
“ကျွန်‌တော်တို့   ဗီယက်နမ်ဆီးဂိမ်း ဝင်ရောက် ယှဉ်ပြိုင်ရေး    နေပြည်တော်လေ့ကျင့်ရေးစခန်းမှာ ၂၀၂၁  ခုနှစ်   ဧပြီလမှစတင်ကာ    ပိုက်‌ကျော်ခြင်း အားကစားသမား အမျိုးသား၊ အမျိုးသမီး စုစု‌ပေါင်း ၃၀   ခန့်‌  စခန်းသွင်းလေ့ကျင့်လျက်  ရှိပါတယ်”ဟု မြန်မာနိုင်ငံ ပိုက်‌ကျော်ခြင်းအဖွဲ့ချုပ်မှ တာ၀န်ရှိသူ တစ်ဦးက ‌ပြောသည်။  (၃၁)ကြိမ်မြောက်  ဆီးဂိမ်း    ပြိုင်ပွဲတွင်   မြန်မာနိုင်ငံ  ပိုက်‌ကျော်ခြင်းအဖွဲ့ချုပ်မှ အမျိုးသား၊    အမျိုးသမီးအသင်းများ   ဝင်‌ရောက် ယှဉ်ပြိုင်မည်ဖြစ်‌ကြောင်း သိရသည်။ ထို့ပြင် ဆီးဂိမ်း ပြိုင်ပွဲအပြင် တရုတ်နိုင်ငံတွင် ကျင်းပမည့် အာရှပိုက် ‌ကျော်ခြင်းပြိုင်ပွဲနှင့် ထိုင်းဘုရင့်ဖလားပိုက်‌ကျော်ခြင်း ဖိတ်‌ခေါ်ပြိုင်ပွဲများ ဝင်‌ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင် ထား‌ကြောင်း သိရသည်။ နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်းအတွင်းရှိ ပီတန်းမြန်မာ့လက်ရွေးစင်  အားကစားသမားများ၊ ဝဏ္ဏသိဒ္ဓိဖူဆယ်အားကစား ရုံ၌     ဝူရှူးအားကစားနည်းမှ    ဆန်းဆို(အတိုက်)၊  လက်ဝှေ့အားကစားသမားများ၊       ဘိလိယက် အားကစားသမားများ၊ တိုက်ကွမ်ဒိုအားကစားသမား များ ၊  ပိုက်ကျော်ခြင်းအားကစားသမားများ၊ ဗိုဗီနမ် အားကစားသမားများ၊ဝဏ္ဏသိဒ္ဓိ(A)ရုံ၌ ဂျူဒိုအားကစား သမားများ၊     ဝဏ္ဏသိဒ္ဓိမြားပစ်အားကစားကွင်း၌  အားကစားသမားများ လေ့ကျင့်လျက်ရှိကြောင်း သိရ သည်။ လက်ရှိ မြန်မာအားကစားအဖွဲ့များအနေဖြင့် နေပြည်တော်     အားကစားလေ့ကျင့်ရေးစခန်းနှင့်   ရန်ကုန်      အားကစားလေ့ကျင့်ရေးစခန်းများတွင် လေ့ကျင့်မှုများ အပြင် ပြည်ပနိုင်ငံများသို့  အလေးမ၊ ပြေးခုန်ပစ်၊  ဝူရှူး၊  လက်ဝှေ့၊ ဘော်လီဘော ကနူး/ကယက် အားကစားနည်း ခြောက်မျိုးမှ အားကစား သမား  ၇၀‌  ကျော်တို့   သွားရောက်လေ့ကျင့်လျက် ရှိကြောင်း   အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။                       အာကာစိုး