အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၃၄ ဒသမ ၇၉ သန်းကျော်ရှိလာ

နယူးဒေလီ    ဒီဇင်ဘာ   ၂၈


အိန္ဒိယနိုင်ငံ၌   လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူ ၆၃၅၈ ဦး ထပ်မံတွေ့ရှိခြင်း ကြောင့်  လက်ရှိတွင်  ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၃၄၇၉၉၆၉၁ ဦး    ရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန ၏       နောက်ဆုံးထုတ်ပြန်သည့် အချက်အလက်များအရ     သိရ သည်။


သေဆုံးသူ ၄၈၀၂၉၀ ရှိ


ထို့ပြင်  အိန္ဒိယနိုင်ငံ၌   လွန်ခဲ့ သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၂၉၃ ဦး ထပ်တိုးလာခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့်     သေဆုံးသူ စုစုပေါင်း ၄၈၀၂၉၀ ရှိလာကြောင်း သိရသည်။  အိန္ဒိယနိုင်ငံ၌ လက်ရှိ တွင်  ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ ဆဲ   လူနာစုစုပေါင်း  ၇၅၄၅၆   ဦး ရှိကြောင်း    အိန္ဒိယကျန်းမာရေး ဝန်ကြီးဌာနက        ပြောကြားသည်။ 


အိန္ဒိယနိုင်ငံ၌    လွန်ခဲ့သည့် တစ်ရက်အတွင်း    ကိုဗစ်-၁၉  ရောဂါမှ   ပြန်လည်ကျန်းမာလာ သဖြင့် ဆေးရုံအသီးသီးမှ  ဆင်းခွင့် ရရှိသူ ၆၄၅၀ ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာ သူစုစုပေါင်း ၃၄၂၄၃၉၄၅ ဦး ရှိလာ ကြောင်း    အိန္ဒိယကျန်းမာရေး ဝန်ကြီးဌာနက    ပြောကြားသည်။  


ကိုးကား-ဆင်ဟွာ
 ဘာသာပြန်-အလင်းသစ်
n