သမီးဖြစ်သူကို တရုတ်နိုင်ငံသားနှင့် ပေါင်းသင်းရန် အခကြေးငွေရယူခဲ့သည့် မိခင်ဖြစ်သူနှင့် အတင်းအဓမ္မပေါင်းသင်းနေထိုင်ခဲ့သည့် တရုတ်နိုင်ငံသားတို့အား လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

 

နေပြည်တော်   ဒီဇင်ဘာ  ၂၉ 


သမီးဖြစ်သူကို တရုတ်နိုင်ငံသားနှင့် ပေါင်းသင်းရန် အခကြေးငွေရယူခဲ့သည့်   မိခင်ဖြစ်သူနှင့်   အတင်း အဓမ္မပေါင်းသင်းနေထိုင်ခဲ့သည့် တရုတ်နိုင်ငံသား  တို့အား လူကုန်ကူးမှုဖြင့်  အလုပ်နှင့်  ထောင်ဒဏ် ၁၀ နှစ်စီ   ကျခံစေရန်     အမိန့်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ 

 


ဖြစ်စဉ်မှာ   မန္တလေးတိုင်းဒေသကြီး   မြစ်သား မြို့နယ် ဆင်ခြံကျေးရွာနေ ဒေါ်ပြုံး က သမီးဖြစ်သူ မ xxx  ၁၄ နှစ်ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်နေ လောပန်း  (ခ)  အားတေ့နှင့်    သားမယားအဖြစ် ပေါင်းသင်းရန် အခကြေးငွေများရယူခဲ့ပြီး တရုတ် နိုင်ငံသား လောပန်း (ခ) အားတေ့က သားမယား အဖြစ် အတင်းအဓမ္မပေါင်းသင်း နေထိုင်ခဲ့သဖြင့် မြစ်သားမြို့မ ရဲစခန်း(ပ) ၂၆၈/ ၂၀၂၀၊ လူကုန်ကူးမှု တားဆီး     ကာကွယ်ရေးဥပဒေပုဒ်မ   ၂၄    ဖြင့် ကျောက်ဆည်ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဒီဇင်ဘာ ၂၈ ရက်တွင် တရားခံ  ဒေါ်ပြုံးနှင့် လောပန်း (ခ) အားတေ့တို့ကို လူကုန်ကူးမှုတားဆီး ကာကွယ် ရေး ဥပဒေပုဒ်မ ၂၄ အရ  အလုပ်နှင့်  ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရ သည်။                                              

 သတင်းစဉ်