
နေပြည်တော် ဒီဇင်ဘာ ၂၉
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင် သောပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၈ ရက် ည ၈ နာရီ ၅ မိနစ်တွင် မြိတ်မြို့ မြိတ်တောင်ရပ်ကွက် ဘုရားကိုင် တရုတ်တန်းရပ် အေးချမ်းဖြူစင် လမ်းသွယ်(၂)လမ်းနေ မောင်ချို(ခ)မြတ်သိန်း၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက် အရ ည ၈ နာရီခွဲတွင် မြိတ်မြို့ မြိတ်တောင်ရပ်ကွက် ဘုရားကိုင် တရုတ်တန်းရပ် အေးချမ်းဖြူစင် လမ်းသွယ် (၂)လမ်းတွင် ဖြိုးပြည့် ဇော်(ခ)သားငယ် မောင်းနှင်လာ သည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀ ကို လည်းကောင်း။
ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် အမှတ်(၃၄)ရပ်ကွက် ဦးဝိစာရလမ်းတွင် အေးကိုကို မောင်းနှင်ပြီး မနုနုစံ၊ ကျော်သက်နိုင်နှင့် ထွန်းလင်းဦး တို့လိုက်ပါလာသည့် ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၈၀၀၀၊ အိုက်စ် သုည ဒသမ ၂၆၇ ကီလိုကို လည်း ကောင်း။
ယင်းနေ့ နံနက် ၁၁ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မိုးမိတ်မြို့နယ် နားယုတ်ကျေးရွာနေ မထွေးရင်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၀၉ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀ ကို လည်းကောင်း၊ ယင်းနေ့ ညနေ ၅ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မိုင်းရယ်မြို့နယ် မိုင်းရယ်-လားရှိုး သွားကားလမ်း မိုင်တိုင်(၃၉/၅)အနီး၌ စစ်ဆေး ရေးဆောင်ရွက်နေစဉ် အမျိုးသား တစ်ဦး(စိစစ်ဆဲ) မောင်းနှင်လာ သော ဆိုင်ကယ်သည် စစ်ဆေးသည့် နေရာသို့မရောက်မီ ဆိုင်ကယ် အား ရပ်တန့်၍ ထွက်ပြေးသွား သဖြင့် ပူးပေါင်းအဖွဲ့က စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သိရသည်။
ရဲပြန်ကြား