
အီးစီးကရက်
အီးစီးကရက်ဆိုသည်မှာ အီလက်ထရွန်နစ်စနစ်နှင့် ပြုပြင်ဖန်တီးထားသော စီးကရက်ကဲ့သို့ အငွေ့ ထွက်စေသည့် ပစ္စည်းတစ်ခုဖြစ်ပါသည်။ အီးစီး ကရက်ဟုခေါ်သော်လည်း ပုံမှားရိုက်ထားသည့် စီးကရက်တစ်ခုသာဖြစ်သည်။ စီးကရက်ပုံသဏ္ဌာန် နှင့်တူအောင်ပြုလုပ်ထားပြီး မူလထုတ်လုပ်သူ၏ ရည်ရွယ်ချက်မှာ စီးကရက်စွဲလမ်းနေသူများကို စီးကရက်ပြတ်စေလိုသည့်သဘောဖြင့် စီးကရက်ကို ရှူရှိုက်ရာတွင်ပါဝင်သည့် နီကိုတင်းကို အခြား နည်းလမ်းတစ်ခုဖြင့် အစားထိုးပေးသည့်ကိရိယာ တစ်မျိုးအဖြစ် တီထွင်ထုတ်လုပ်ထားခြင်းဖြစ်ပါ သည်။
အီးစီးကရက်ထုတ်လုပ်သော ရည်ရွယ်ချက်မှာ ဆေးလိပ်စွဲလမ်းနေသောသူများကို စီးကရက်ပြတ် စေရန်ဖြစ်သော်လည်း အမှန်စင်စစ်မပြတ်နိုင်ဘဲ စီးကရက်သောက်ဖို့ အစပျိုးနေခြင်းမျှသာဖြစ်နေ သည်။ ယင်းစီးကရက်ကို ၂၀၀၃ ခုနှစ် နှစ်ကုန် ပိုင်းမှစ၍ တရုတ်နိုင်ငံတွင် ထုတ်လုပ်ရောင်းချလာခဲ့ ကြပြီး ဆယ်စုနှစ်အတွင်း အီးစီးကရက်သောက်သုံး သူ ပိုများပြားလာသည်။ လက်ရှိဗြိတိန်နိုင်ငံတစ်ခု တည်းမှာပင် အီးစီးကရက်သောက်သူ သုံးသန်း ကျော်ရှိနေပါသည်။ လေ့လာမှုမှတ်တမ်းများအရ သောက်သုံးသူများမှာလည်း တစ်ယောက်မျှ ဆေးလိပ်ပြတ်သွားခြင်းမရှိဘဲ ဆက်လက်သောက် နေကြသည့်အတွက် အောင်မြင်ခြင်းမရှိကြောင်း တွေ့ရပါသည်။
အီးစီးကရက်တွင်ပါဝင်သော ဓာတုပစ္စည်းများ
အီးစီးကရက်တွင် ဓာတုပစ္စည်းပါဝင်မှုအချိုး အစားများကို အတိအကျဖော်ပြထားခြင်းမရှိသော် လည်း ထိုအီးစီးကရက်ထဲတွင် အောက်ဖော်ပြပါ ဓာတုအမျိုးအမည်များပါရှိကြောင်း တွေ့ရပါသည်။
p Benzene (ခေါ်) စက်မှုလုပ်ငန်းသုံးရည် တစ်မျိုးပါရှိနေပြီး ၎င်းဓာတုပစ္စည်းအား ရေနံ စိမ်းမှ ချက်လုပ်ထားခြင်းဖြစ်ပါသည်။
p Arsenic (ခေါ်) အဆိပ်တစ်မျိုးပါရှိနေပြီး ၎င်းပစ္စည်းကို သစ်သားထည်များ ကြာရှည်ခံ အောင် ထိန်းသိမ်းရာတွင် အသုံးပြုလေ့ရှိပါ သည်။
p Cadmium (ခေါ်) ဓာတုပစ္စည်းတစ်မျိုးပါရှိနေ ပြီး ၎င်းကို ဘက်ထရီများထုတ်လုပ်ရာတွင် အသုံးပြုပါသည်။
p Lead (ခေါ်) ခဲဓာတ်ပါရှိပြီး ၎င်းကိုလည်း ဘက်ထရီများထုတ်လုပ်ရာတွင် အသုံးပြုပါ သည်။
p Formaldehyde ပါရှိနေပြီး ၎င်းဓာတ်ငွေ့ကို ရင်ခွဲရုံများ၊ ရေခဲတိုက်များနှင့် သုတ်ဆေးများ ထုတ်လုပ်ရာတွင် အသုံးပြုပါသည်။
p Polonium 210 (ခေါ်) ရေဒီယိုသတ္တိကြွပစ္စည်း တစ်မျိုးကို ထည့်သုံးထားပါသည်။
p Chromium (ခေါ်) ဓာတုဆေးတစ်မျိုးပါရှိပြီး ၎င်းကို ဆိုးဆေး၊ သုတ်ဆေးများနှင့် သတ္တုစပ် ပစ္စည်းများထုတ်လုပ်ရာတွင် အသုံးပြုလေ့ရှိပါ သည်။
p Butadiene (ခေါ်) ဓာတုပစ္စည်းပါရှိနေပြီး ၎င်းကို ရော်ဘာထုတ်လုပ်ရာတွင် အသုံးပြုပါ သည်။
p Nickel (ခေါ်) ဓာတုစ္စည်းတစ်မျိုးပါရှိနေပြီး ၎င်းကို သတ္တုထည်များအား သံချေးတက် ခြင်းမှ ကာကွယ်ရန် အသုံးပြုပါသည်။
p Vinyl Chloride (ခေါ်) ဓာတုပစ္စည်းတစ်မျိုး ပါရှိနေပြီး ၎င်းကို ပလတ်စတစ်နှင့် ဗီနိုင်းများ ထုတ်လုပ်ရာတွင် အသုံးပြုပါသည်။
p Beryllium (ခေါ်) ဓာတုပစ္စည်းတစ်မျိုးပါရှိနေပြီး ၎င်းကို အဏုမြူဓာတ်ပေါင်းဖိုများတွင် အသုံး ပြုပါသည်။
p Ethylene oxide (ခေါ်) ဓာတုပစ္စည်းတစ်မျိုး ပါရှိနေပြီး ၎င်းကိုဆေးရုံသုံးပစ္စည်းများအား ပိုးသတ်ရာတွင် အသုံးပြုပါသည်။
p Polycyclic (ခေါ်) ဓာတုပစ္စည်းတစ်မျိုးပါရှိနေပြီး ၎င်းသည် DNA ပျက်စီးစေသော ဓာတုပစ္စည်း ဖြစ်ပါသည်။
p Ortho Toluidine (ခေါ်) ဓာတုပစ္စည်းတစ်မျိုး ပါရှိနေပြီး ၎င်းကို ပေါင်းသတ်ဆေးထုတ်လုပ် ရာတွင် အသုံးပြုပါသည်။
အနောက်နိုင်ငံများနှင့် အီးစီးကရက်စွဲလမ်းခြင်းပြဿနာ
လတ်တလော ဆန်းစစ်မှုမှတ်တမ်းများအရ အီးစီးကရက်သောက်သုံးခြင်းနှင့် ဆက်နွှယ်သည့် အဆုတ်ရောဂါ ဖြစ်ပွားသူအရေအတွက်သည် ၈၀၅ ဦးအထိ ရှိလာနေပြီဖြစ်ပြီး ၁၂ ဦးမှာ သေဆုံးသွား ကြောင်း အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီ (CDC) က ဖော်ပြထားပါသည်။ အဆိုပါရောဂါသည် ယခုအခါတွင် အမေရိကန်၏ အပျိုစင်ကျွန်းကဲ့သို့သော နေရာများအပါအဝင် ပြည်နယ် ၄၆ ပြည်နယ်တွင် ဖြစ်ပွားနေသည်ဟု သိရပါသည်။ ထူးခြားဆန်းပြားသည့်ဖျားနာမှု ကြောင့် ပြည်နယ် ၁၀ ခုတို့တွင် သေဆုံးမှုများဖြစ်ပွားခဲ့ပါ သည်။ ကယ်လီဖိုးနီးယားနှင့် ကန်းနက်စ်ပြည်နယ် တို့တွင် လူနှစ်ဦးသေဆုံးခဲ့ပြီး ဂျော်ဂျီယာ၊ ဖလော်ရီဒါ၊ အီလီနွီုက်စ်၊ အင်ဒီယာနာ၊ မင်နီဆိုးတား၊ မစ္စရီ၊ မစ္စစ္စပီနှင့် အိုရီဂွန်ပြည်နယ်တို့တွင်လည်း သေဆုံး မှုများဖြစ်ပွားခဲ့ကြောင်းသိရပါသည်။
CDC က ရောဂါဖြစ်ပွားသူ ၃၇၃ ဦးတို့၏ အသက် အရွယ်နှင့် ကျား၊ မအချက်အလက်များကို ထုတ်ပြန်မှု အရ ဖြစ်ပွားသူများ၏ ၇၂ ရာခိုင်နှုန်းသည် အမျိုးသား များဖြစ်ကြပြီး ၆၄ ရာခိုင်နှုန်းသည် အသက် (၁၈) နှစ်မှ (၃၄) နှစ်အတွင်း အရွယ်များဖြစ်ကြသည်ဟု သိရပါသည်။ အခြား ၁၆ ရာခိုင်နှုန်းသည် အသက် (၁၈) နှစ်အောက်အရွယ်များဖြစ်သည်ဟု သိရသည်။ လူနာအများစု၏ ဆရာဝန်များအား ပြောကြားချက် အရ ၎င်းတို့သည် ဆေးခြောက်ပါဝင်သည့် အီးစီး ကရက်များကိုသောက်သုံးသည့် ရာဇဝင်ရှိကြောင်း နှင့် လူနာများစွာတို့က ဆေးခြောက်နှင့် နီကိုတင်း ဓာတ်ပါဝင်သည့် အီးစီးကရက်များကို သောက်သုံး သည်ဟုပြောကြားပြီး အချို့က နီကိုတင်းဓာတ်တစ်ခု တည်းသာပါဝင်သည့် အီးစီးကရက်ပစ္စည်းများကို သုံးစွဲသည်ဟု ပြောကြားခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ တိုက်တွန်းချက်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးရွက်ကြီးထိန်းချုပ် ရေးကွန်ဗင်းရှင်းအဖွဲ့အစည်းများ ညီလာခံတွင် အီးစီးကရက်ကို နိုင်ငံအများအပြားတွင် သုံးစွဲလာမှု နှင့်ပတ်သက်၍ ၂၀၁၀ ပြည့်နှစ်က စတင်လေ့လာမှုများ ပြုလုပ်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင်ကျင်းပခဲ့သော ငါးကြိမ် မြောက်အဖွဲ့ဝင်နိုင်ငံများညီလာခံတွင် အီးစီးကရက် ဆိုင်ရာ အစီရင်ခံစာတင်ပြခဲ့ပြီးဖြစ်ကြောင်းနှင့် ထိုအစီရင်ခံစာအရ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ အနေဖြင့် အီးစီးကရက်နှင့် ဆက်စပ်ပစ္စည်းများကို ပြည်တွင်းသို့ တင်သွင်းခွင့် လုံးဝပိတ်သိမ်းရန်နှင့် ပြည်တွင်း၌အသုံးပြုခြင်းကိုလည်း ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို ထိန်းချုပ်သည့် အတိုင်း ပြင်းပြင်းထန်ထန် အတိုင်းအတာတစ်ခု အထိ ထိန်းချုပ်မှု၊ ကန့်သတ်မှုများထားရှိဆောင်ရွက် ရန် တိုက်တွန်းထားကြောင်းသိရသည်။ ထို့ပြင် ၎င်းကိုသုံးစွဲသူများသည် အီးစီးကရက်ဆေးရည် အမျိုးမျိုး ထည့်သွင်းအသုံးပြုခြင်းအပြင် ဆေးခြောက်နှင့် အခြားမူးယစ်စေတတ်သောအရာ များကိုပါ ထည့်သွင်း အသုံးပြုသောက်ရှူနိုင်သဖြင့် မူးယစ်ဆေးဝါးစွဲလမ်းမှုနှင့် နောက်ဆက်တွဲပြဿနာ များကိုပါ ဖြစ်ပွားစေနိုင်ကြောင်း၊ အဆိုပါစီးကရက် များအား ပြည်ပနိုင်ငံအချို့တွင်လည်း သောက်သုံး ရန်မသင့်သည့်အတွက် အရေးယူသည်အထိ စည်းကမ်းချက်များထုတ်ကာ တားမြစ်ထား ကြောင်းသိရပါသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်တားမြစ်ချက်
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးအသိ ပညာမြှင့်တင်ရေးဌာနခွဲမှ မြန်မာနိုင်ငံအတွင်း စီးကရက်အပါအဝင် ဆေးလိပ်နှင့် ဆေးရွက်ကြီး ထုတ်ကုန်များကဲ့သို့ အီးစီးကရက်မှာလည်း သုံးစွဲသူ ကို စွဲလမ်းစေတတ်သော နီကိုတင်းဓာတ်များ လွန်ကဲစွာပါဝင်နေသဖြင့် ကျန်းမာရေးကို ဆိုးဆိုး ရွားရွားထိခိုက်စေနိုင်ကြောင်း တွေ့ရသည့်အတွက် အီးစီးကရက်များသုံးစွဲခြင်းအား လုံးဝတားမြစ် ကြောင်းထုတ်ပြန်ထားပါသည်။ ထို့ပြင် မြန်မာနိုင်ငံ တွင်း လတ်တလောအသစ်ပြင်ဆင်နေသည့် ဆေးလိပ်နှင့် ဆေးရွက်ကြီး ထိန်းချုပ်ရေးဥပဒေတွင် အီးစီးကရက်နှင့် ရေပြောင်းသုံးစွဲမှုများ ထိန်းချုပ် ရေးတို့ကိုပါ ထည့်သွင်းလုပ်ဆောင်နေကြောင်း သိရသည်။
အီးစီးကရက်နှင့် အဆုတ်ကင်ဆာ
အမေရိကန်နိုင်ငံတွင် အီးစီးကရက်သောက် ခြင်းနှင့် ဆက်စပ်သော နာမကျန်းဖြစ်သူ ၁၂၉၉ ဦး ရှိပြီး ၂၆ ဦး သေဆုံးကြောင်း အတည်ပြုထားသည်။ ၎င်းနာမကျန်းဖြစ်မှုသည် THC (ခေါ်) ဆေးခြောက်၌ ပါဝင်သော ဓာတ်တစ်မျိုး အသုံးပြုထားသည့် အီးစီးကရက် ဆေးရည်များကြောင့်ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ ၂၀၁၉ ခုနှစ် အောက်တို ဘာလဆန်းပိုင်းတွင် အမေရိကန်ရှိ သုတေသီများက ကြွက်များအား အီးစီးကရက်အငွေ့များဖြင့် လေ့လာမှုတစ်ရပ်ပြုလုပ်ခဲ့သည်။
အဆိုပါလေ့လာမှုအတွင်း ကြွက်များကို သီတင်း တစ်ပတ်လျှင် နာရီ ၂၀ ကြာ၊ သီတင်းပတ် ၅၄ ပတ် အထိ နီကိုတင်းပါဝင်သော အီးစီးကရက်အခိုး အငွေ့များနှင့် ထိတွေ့စေပြီးနောက် ကြွက်များ၏ ၂၂ ဒသမ ၅ ရာခိုင်နှုန်းတွင် အဆုတ်ကင်ဆာ တစ်မျိုးဖြစ်ပွားကြောင်း တွေ့ရှိခဲ့ပါသည်။ အခြား ကြွက်အုပ်စုတစ်ခုကို နီကိုတင်းမပါသော အီးစီးကရက်အငွေ့များဖြင့် ယင်းအချိန်အတိုင်းပင် ထိတွေ့စေခဲ့သော်လည်း အဆုတ်ကင်ဆာမဖြစ်ပွား ကြောင်း လေ့လာတွေ့ရှိရသည်။ ထို့ကြောင့် ကြွက်များ၌ကင်ဆာဖြစ်နိုင်သည့် အန္တရာယ်မြင့်မား ရခြင်း၏အကြောင်းရင်းသည် နီကိုတင်းကြောင့် ဖြစ်သည်ဟု နယူးယောက်တက္ကသိုလ်မှ သုတေသီ များက ယူဆထားကြသည်။
အီးစီးကရက်၏ ဘေးထွက်ဆိုးကျိုးများ
အီးစီးကရက်ငွေ့ပါဝင်သော ဓာတုပစ္စည်းများ သည် ရေရှည်တွင် အဆုတ်ကို ထိခိုက်ပျက်စီးစေနိုင် သကဲ့သို့ နောက်ဆက်တွဲ ကင်ဆာရောဂါများကိုလည်း ဖြစ်ပွားစေနိုင်ပါသည်။ အီးစီးကရက်အရည် (Vape)ကို မတော်တဆသောက်မိခြင်း၊ တိုက်ရိုက်ရှူမိခြင်း၊ မျက်စိထဲဝင်ရောက်ခြင်းနှင့် အရေပြားပေါ် ထိခြင်း တို့ကြောင့် အန္တရာယ်ဖြစ်စေပြီး ကလေးငယ်များတွင် အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါသည်။ အီးစီးကရက်သောက်သုံးသူများထံမှ ထွက်လာသော အငွေ့များသည် ပတ်ဝန်းကျင်မှ လူများကို ရှူမိ စေခြင်းများကြောင့် တစ်ဆင့်ခံစီးကရက်မီးခိုးငွေ့ ရှူရှိုက်ရသကဲ့သို့ပင် အလားတူဆိုးကျိုးများကို ခံစား ရနိုင်ပါသည်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်များ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအတွက် ၎င်းတစ်ဆင့်ခံ အီးစီးကရက်မီးခိုးငွေ့များက ကြီးစွာ သောဘေးအန္တရာယ်ဖြစ်စေနိုင်ပါသည်။ ထို့ပြင် သုံးစွဲ သူကို စွဲလမ်းစေတတ်သော နီကိုတင်းဓာတ်များ လွန်ကဲစွာပါဝင်နေခြင်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများအနေဖြင့်(အထူးသဖြင့် လူငယ်များတွင်) ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေခြင်း၊ အာရုံစူးစိုက်မှုကို ကျဆင်းသွားခြင်း၊ သင်ယူနိုင်စွမ်းရည်နည်းပါး လာခြင်း စသည်တို့ဖြစ်ပေါ်စေနိုင်ပါသည်။ အီးစီးကရက်အတွင်းရှိ ဘက်ထရီပေါက်ကွဲခြင်းမှ ပြင်းထန်သော ထိခိုက်ဒဏ်ရာရခြင်းများကိုလည်း ကြားသိတွေ့မြင်နေရသည်။
အချုပ်အားဖြင့် အီးစီးကရက်သောက်၍ လုံးဝ ဆေးလိပ်မပြတ်နိုင်ပါ။ အီးစီးကရက်က ဆေးလိပ် စွဲလမ်းနေသောသူများကို စိတ်အာသာပြေရုံမျှ သာဖြစ်ပြီး အမှန်စင်စစ်မပြတ်နိုင်ဘဲ ဆေးလိပ်၊ ဆေးရွက်ကြီးသောက်ဖို့ အစပျိုးနေခြင်းသာဖြစ်ပါ သည်။ ယနေ့ကမ္ဘာတွင် ခြောက်စက္ကန့်တိုင်းမှာ လူတစ်ဦးနှုန်း ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်း များကြောင့် သေဆုံးနေကြပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများက ဆေးလိပ် နှင့် ဆေးရွက်ကြီးသုံးစွဲမှုလျော့ကျရန် အခွန်တိုးမြှင့် ခြင်းနှင့်အတူ အသိပညာပေးလုပ်ငန်းများကိုလည်း မီဒီယာဘက်ပေါင်းစုံဖြင့် နှိုးဆော်မှုများပြုလုပ် နေကြသည်။ သို့ပါ၍ မိမိကိုယ်ကို တကယ်ချစ်လျှင်၊ မိသားစုကို စောင့်ရှောက်လိုစိတ်ရှိပါလျှင် နီကိုတင်း ပါသော (သို့မဟုတ်) နီကိုတင်းကိုအခြေခံထားသော မည်သည့်အရာကိုမျှ စွဲလမ်းဆုပ်ကိုင်ခြင်းမပြုကြ ပါရန် အကြံပြုလိုက်ရပါသည်။ ။
တင်ထက်ထက်ဇော်
- Log in to post comments