ဘရန့်ဖို့ဒ်ကို အနိုင်ရရှိခဲ့သောကြောင့် အမှတ်ပေးဇယားကို ရှစ်မှတ်အသာဖြင့် ဦးဆောင်နိုင်ခဲ့သည့် မန်စီးတီး

 

အမှတ်ပေးဇယားဦးဆောင်သူ မန်စီးတီးအသင်းသည် ဒီဇင်ဘာ ၃၀ ရက် နံနက်ပိုင်းက ပရီမီယာလိဂ်ပွဲစဉ် (၂၀) တွင် ပြိုင်ဘက် ဘရန့်ဖို့ဒ် အသင်းကို ဖိုဒင်၏ တစ်လုံးတည်းသောသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သော ကြောင့် ဒုတိယနေရာမှ ချယ်ဆီးအသင်းကို ရှစ်မှတ်အထိ ဖြတ်ထား နိုင်ပြီ ဖြစ်သည်။ 

 


မန်စီးတီးအသင်းသည်          ယခုပွဲစဉ်တွင် ဘရန့်ဖို့ဒ်အသင်းကို    အနိုင်ရရှိခဲ့သောကြောင့် ဒီဇင်ဘာလအတွင်း         ယှဉ်ပြိုင်ကစားခဲ့သည့်   ပရီမီယာလိဂ်ပွဲစဉ်   အားလုံးကို    နိုင်ပွဲရရှိခဲ့ခြင်း ဖြစ်သည်။    ထို့အပြင်   မန်စီးတီးအသင်းသည် အဆိုပါ ပွဲစဉ်များအတွင်း  ရဂိုး  ၂၄  ဂိုးအထိရရှိပြီး   ပေးဂိုး      ငါးဂိုးသာ      ခွင့်ပြုထားရသေးသည်။    ပြိုင်ဘက်     ဘရန့်ဖို့ဒ်အသင်းသည်    ယခုပွဲစဉ် ရှုံးနိမ့်မှုကြောင့်  ပြိုင်ပွဲစုံ  နောက်ဆုံး သုံးပွဲဆက် ရှုံးနိမ့်မှုနှင့် ကြုံတွေ့ခဲ့ရသည်။ 

 


ဘရန့်ဖို့ဒ်အသင်းသည် ပထမပိုင်းပွဲချိန်တွင် မန်စီးတီးအသင်းကို တုံ့ပြန်ကစားပုံကောင်းမွန်ခဲ့သော်လည်း  ဒုတိယပိုင်းတွင် ကစားအားကျကာ ပြိုင်ဘက်အသင်း၏ ဖိအားပေးမှုကို ခံခဲ့ရသည်။ 

 


မန်စီးတီးအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၁၆ မိနစ်တွင် ဒီဘရိုင်း၏ ဖန်တီး မှုမှ တစ်ဆင့် ဖိုဒင်က သွင်းယူပေးနိုင်ခဲ့သည်။ 
ပြိုင်ဘက် ဘရန့်ဖို့ဒ်အသင်းသည် ယခုပွဲစဉ် ရှုံးနိမ့်ခဲ့သည့်အတွက်  ၁၈  ပွဲကစားပြီး ရမှတ် ၂၀ ဖြင့်  အဆင့်   (၁၄)   နေရာတွင်   ရပ်တည်နေ သော်လည်း    တန်းဆင်းဇုန်အသင်းနှင့်   ရမှတ် ကွာဟမှု   ကျဉ်းမြောင်းလာပြီဖြစ်သည့်အတွက် လာမည့်ပွဲစဉ်များတွင်   ရလဒ်ကောင်း   ရရှိရေး ကြိုးစားရတော့မည် ဖြစ်သည်။ 
                                                                 

အောင်ဇော်