တူရကီနိုင်ငံ၌ ပြည်တွင်းထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား စတင်အသုံးပြုထိုးနှံ

အန်ကာရာ   ဒီဇင်ဘာ   ၃၀


တူရကီနိုင်ငံ၌ ပထမဆုံး ပြည်တွင်းထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Turkovac အား  စတင်အသုံးပြုကာ ထိုးနှံပေးလျက် ရှိကြောင်း  တူရကီကျန်းမာရေးဝန်ကြီး ကိုကာက      ဒီဇင်ဘာ ၃၀ ရက်တွင် ပြောကြားသည်။


တူရကီကျန်းမာရေးဝန်ကြီး ကိုကာ သည် အဆိုပါ Turkovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား   အန်ကာရာ မြို့တော်ဆေးရုံ၌   အပိုဆောင်းအဖြစ် ထိုးနှံမှုခံယူခဲ့ကြောင်း သိရသည်။ 


တူရကီနိုင်ငံသည် တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးကို နိုင်ငံအတွင်း အရေးပေါ်အသုံးပြု ရန် တူရကီကျန်းမာရေးအာဏာပိုင်များ က   အတည်ပြုပေးခဲ့ပြီးနောက်  နိုင်ငံ တစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုအစီအစဉ်ကို ဇန်နဝါရီ ၁၄ ရက် တွင် စတင်ခဲ့သည်။


လက်ရှိတွင် တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးသူ စုစုပေါင်း ၅၆ ဒသမ ၈၆ သန်းကျော်ရှိ ကြောင်း၊ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ စုစုပေါင်း ၅၁ ဒသမ ၅၂ သန်းကျော်ရှိ ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေ  စုစုပေါင်း ၁၃၀ ဒသမ ၅၇ သန်း ကျော်     အသုံးပြုပြီးဖြစ်ကြောင်း  တူရကီ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ 


တူရကီနိုင်ငံ၌    ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း   ၉၄၀၂၀၈၃ ဦးရှိ ကြောင်း နှင့် အဆိုပါရောဂါဖြင့် သေဆုံးသူ ပေါင်း ၈၂၀၅၉ ဦးရှိကြောင်း သိရသည်။ 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်