
နေပြည်တော် ဒီဇင်ဘာ ၃၁
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် အင်းစိန်မြို့နယ် ဈေးကုန်းရပ် ကွက် လှိုင်မြစ်လမ်း အင်းစိန်ဈေး တွင် ဖွင့်လှစ်ထားရှိသော ကျုံစင်း အာမခံရွှေဆိုင်ပိုင်ရှင် ဦးနှင်းငွေ (၅၁)နှစ်သည် အင်းစိန်ခုံးတံတား ပေါ်၌ ရွှေထည်ပစ္စည်း စုစုပေါင်း အလေးချိန် ၄ ပိဿာ ၅၀ ကျပ် သားခန့်ထည့်ထားသည့် လက်ဆွဲ အိတ် နှစ်လုံး (ကာလတန်ဖိုး ငွေကျပ် သိန်း ၇၂၀၀ ခန့်) အား လုယက်ခံရသည့် ဖြစ်စဉ်တွင် တရားခံ ကျား ၇ ဦး၊ မ ၃ ဦး ပေါင်း ၁၀ ဦးတို့အား ငွေကျပ် ၁၆၄ သိန်း ၄ သောင်း၊ ရွှေလက်စွပ်မျိုးစုံ ၂၈၄ ကွင်း၊ ရွှေနားကပ်မျိုးစုံ ၈၇ ရန်၊ ရွှေဆွဲပြားမျိုးစုံ ၄၄ ပြား၊ ရွှေ ဟန်းချိန်း ၁၂ ခု၊ ရွှေဆွဲကြိုးမျိုးစုံ ၆၇ ကုံး၊ ရွှေလက်ကောက်မျိုးစုံ ၂၃ ကွင်း၊ ရွှေကြယ်သီး နှစ်ခု၊ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၅၄၅၀၊ အငှားယာဉ် နှစ်စီးတို့နှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။
ယင်းဖြစ်စဉ်တွင် ထွက်ပြေး တိမ်းရှောင်လျက်ရှိသော တရားခံ များကို ဖမ်းဆီးရမိရေး ဆောင်ရွက် ခဲ့ရာ တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ ဒီဇင်ဘာ ၃၀ ရက်တွင် သထုံမြို့အဝင် စစ်ဆေးရေးဂိတ်၌ ကုလား(ခ)ဝင်းနိုင်ဦး (၄၀) နှစ်ကို ဖမ်းဆီး ရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ ညနေပိုင်းတွင် ဖြူးမြို့နယ် စိုက် တန်းခင်ကျေးရွာ၌ ၎င်း၏ဇနီး ဖြစ်သူ သင်းသင်းဝါ (၃၆)နှစ်ကို လည်းကောင်း၊ မုတ္တမမြို့ အောင် ပင်လယ်ရပ်ကွက်၌ ၎င်း၏ညီမ ဖြစ်သူ တင်တင်မိုး (၃၃)နှစ်ကို ရွှေလက်စွပ် ၄၁ ကွင်း၊ ရွှေလက် ကောက် ၁၁ ကွင်း၊ ရွှေဟန်းချိန်း ရှစ်ခု၊ ပုလဲ/ ရွှေဟန်းချိန်း တစ်ခု၊ ကျောက်စိမ်း/ရွှေဟန်းချိန်း တစ်ခု၊ ရွှေလော့ကတ်သီး ၇၆ ခု၊ ရွှေဆွဲ ကြိုး ၁၉ ကုံး၊ နားကပ် တစ်ရန်၊ ငွေ စက္ကူရောရာ ငွေကျပ်သိန်း ၁၇၀ တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိ ခဲ့သည်။
တရားခံ ကုလား(ခ)ဝင်းနိုင်ဦး ၏ ထွက်ဆိုချက်အရ ဒီဇင်ဘာ ၁၉ ရက်တွင် နေဇော်၊ ဇော်လင်း၊ မှတ်ကြီး၊ ချိုဦး တို့သည် Probox အဖြူရောင်ယာဉ်ဖြင့် ၎င်းထံ ရောက်ရှိလာပြီး အင်းစိန်ခုံးတံတား ပေါ်တွင် ရွှေထည်ပစ္စည်းများ သယ်ဆောင်လာသည့် ယာဉ် တစ်စီးအား လုယက်ရန် အစီအစဉ် ရှိကြောင်းနှင့် အကျိုးအမြတ်အား ရရှိသည့် အခြေအနေအပေါ် မူတည်၍ ခွဲဝေပေးမည်ဖြစ် ကြောင်း ပြောကြားရာ သဘောတူ လက်ခံခဲ့ပြီး အင်းစိန်ခုံးတံတား အလယ်သို့သွားရောက်၍ ကြိုတင် စောင့်ဆိုင်းခဲ့ကာ အင်းစိန်မြို့နယ် ဘက်မှ လှိုင်သာယာမြို့နယ်ဘက် သို့ မောင်းနှင်လာသည့် မော်တော် ယာဉ်ပေါ်မှ ရွှေထည်ပစ္စည်းများ လုယက်ခဲ့ကြောင်းနှင့် နေဇော် က ရွှေထည်ပစ္စည်းအချို့ကို ၎င်းထံ ခွဲဝေပေးခဲ့ကြောင်း ဖော်ထုတ်သိရှိ ရသည်။
တရားခံ ကုလား(ခ)ဝင်းနိုင် ဦး၏ ထွက်ဆိုချက်အရ ဒီဇင်ဘာ ၂၀ ရက်တွင် ဇနီးဖြစ်သူ သင်းသင်းဝါ နှင့်အတူ မုတ္တမမြို့ရှိ ညီမဖြစ်သူ တင်တင်မိုး ထံ သွားရောက် တိမ်းရှောင်ခဲ့ကြောင်း၊ ခွဲဝေရရှိသော ရွှေထည်ပစ္စည်းအချို့အား ဇနီး ဖြစ်သူနှင့်အတူ မော်လမြိုင်မြို့ မြိုင်ရတနာ လေးထပ်စျေးအပေါ် ထပ်၌ သွားရောက်ရောင်းချခဲ့ရာ ၁၇၅ သိန်းခန့် ရရှိခဲ့ကြောင်းနှင့် ရရှိသော ငွေကြေး၊ ရွှေထည်ပစ္စည်း များကို ညီမဖြစ်သူ တင်တင်မိုး ထံ အပ်နှံထားရှိကာ ဇနီး၏ မိတ်ဆွေ ဖြစ်သူ နေထိုင်သည့် ကညွတ်ကွင်း မြို့သို့ သွားရောက်တိမ်းရှောင် နေထိုင်ခဲ့ကြောင်းနှင့် ညီမဖြစ်သူ တင်တင်မိုး ထံ အပ်နှံထားသည့် ရွှေထည်ပစ္စည်းနှင့် ငွေသားများ ယူဆောင်ရန် ထွက်ခွာလာစဉ် ဒီဇင်ဘာ ၃၀ ရက်တွင် ဖမ်းဆီး ထိန်းသိမ်းခံရခြင်း ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
အထက်ပါ ဖမ်းဆီးရမိတရားခံ များအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင် ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများ အမြန်ဆုံး ဖမ်းဆီးရမိရေး ၎င်းတို့ပုန်းခိုရာ နေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း နှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အသိပေးထားကြောင်း သိရသည်။
သတင်းစဉ်