
နေပြည်တော် ဒီဇင်ဘာ ၃၁
အမျိုးသမီးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် (၁၂) နှစ်စီ အမိန့်ချမှတ်ခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မွန်ပြည်နယ် မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်ကွက်နေ အောင်ဇင်သူ(မိ)၊ မမြင့်သူ(ခ) သူသူ(မိ)၊ ကချင်ပြည်နယ် မြစ်ကြီးနား မြို့ လယ်ကုန်းရပ်ကွက်နေ မသော်သော်ဦး (ခ) မမိုးသူ(မိ)နှင့် မမြတ်နိုး (တိမ်းရှောင်) တို့က မွန်ပြည်နယ် မော်လမြိုင်မြို့နေ မ ... ၃၁ နှစ်၊ ကရင်ပြည်နယ် မြဝတီမြို့နေ မ ... ၃၇ နှစ်နှင့် ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်နေ မ ... ၃၆ နှစ်တို့ သုံးဦးကို တရုတ်ယောကျ်ားယူပါက ငွေကျပ် သိန်း(၃၀/ ၅၀)ခန့်ရမည်၊ (၃)လပေါင်းပြီး ပြန်ခေါ်ပေးမည်၊ တရုတ်ယောကျ်ားက ရွှေများ ဆင်ပေးသည်ဟု ပြောဆိုစည်းရုံးပြီး တရုတ်အမျိုးသားများထံ ပို့ဆောင်ရောင်းစားခဲ့သဖြင့် မော်လမြိုင်မြို့ မြိုင်သာယာနယ်မြေ ရဲစခန်း(ပ) ၂၃၅၅/ ၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၈(က)/ ၃၂ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး မော်လမြိုင်ခရိုင် တရား ရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဒီဇင်ဘာ ၂၈ ရက်က တရားခံ အောင်ဇင်သူ နှင့် မသော်သော်ဦး(ခ) မမိုးသူတို့အား လူကုန်ကူးမှုတားဆီးကာကွယ် ရေးဥပဒေပုဒ်မ ၂၄/ ၃၂ အရ အလုပ်နှင့် ထောင်ဒဏ် (၁၂)နှစ်စီ ကျခံ စေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်