ထန်တလန်မြို့ အမှတ်(၁)ရပ်ကွက်ရှိ နေအိမ်များနှင့် ဆေးရုံနားနေဆောင် တစ်လုံးတို့ကို PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက ထပ်မံမီးရှို့ဖျက်ဆီး

 

နေပြည်တော် ဇန်နဝါရီ  ၂


အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH ၊ NUG နှင့် PDF အကြမ်းဖက်သမားများသည်  တိုင်းပြည် တည်ငြိမ်အေးချမ်းမှုနှင့်   တရားဥပဒေစိုးမိုးမှုကို  ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့်  အချို့ဒေသများတွင်     လက်နက်ကိုင် တိုက်ခိုက်မှုများ၊ လမ်း၊ တံတား ဖောက်ခွဲဖျက်ဆီးမှုများအပြင် အများပြည်သူ နေထိုင် လျက်ရှိသော   နေအိမ်များကို   မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်။

 


ပျက်စီးဆုံးရှုံး


ထိုကဲ့သို့  လုပ်ဆောင်လျက်ရှိ ရာ ချင်းပြည်နယ် ထန်တလန်မြို့ အမှတ်(၁) ရပ်ကွက်ရှိ  လူနေအိမ် များကို     ဇန်နဝါရီ  ၁ ရက်  ည  ၇နာရီခွဲခန့်တွင်   အကြမ်းဖက် သမားများက         မီးရှို့ဖျက်ဆီးခဲ့ သဖြင့်    လူနေအိမ်  ၁၀  လုံးနှင့် ဆေးရုံရှိ  နားနေဆောင်  တစ်လုံး တို့   မီးလောင်ပျက်စီးခဲ့ပြီး  (စုစု ပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ်  ၂၂၅ သိန်းခန့်)   ပျက်စီးဆုံးရှုံးခဲ့သည်။

 


မီးရှို့ဖျက်ဆီးမှုလုပ်ဆောင်


အလားတူ အကြမ်းဖက်သမား များအနေဖြင့်  ဒီဇင်ဘာ ၈ ရက်နှင့် နိုဝင်ဘာ ၂၄ ရက်တို့တွင် အမှတ် (၂) ရပ်ကွက်ရှိ   လူနေအိမ်အချို့ကို လည်းကောင်း၊ အောက်တိုဘာ ၂၉ ရက်တွင်   အမှတ် (၁) ရပ်ကွက်၊ ဘောလုံးကွင်းအနီးရှိ နေအိမ်များ နှင့်အချို့    မီးလောင်လွယ်သည့် ပစ္စည်းများကိုလည်းကောင်း မီးရှို့ ဖျက်ဆီးမှုများ         လုပ်ဆောင်ခဲ့ သဖြင့်    အဆိုပါရပ်ကွက်များ အတွင်းရှိ  လူနေအိမ် ၁၁၃ လုံး၊ ဘုရားရှိခိုးကျောင်း  သုံးကျောင်း နှင့်     ဆေးဆိုင်ခန်း    တစ်လုံး တို့    မီးလောင်ပျက်စီး    ဆုံးရှုံးခဲ့ သည်။

 


လုံခြုံရေးလုပ်ငန်းများ
ဆောင်ရွက်ပေး


အကြမ်းဖက်    အဖွဲ့ဖြစ်သည့် NUG ၊   CRPH ၊ PDF  စသည့် အကြမ်းဖက်    အဖွဲ့အစည်းများ သည်   လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်     ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အချို့ဒေသများတွင်  အကြမ်းဖက် မှုလုပ်ရပ်များကို          မကြာခဏ လုပ်ဆောင်၍       လူမှုကွန်ရက် စာမျက်နှာများမှတစ်ဆင့်      နိုင်ငံ အတွင်း    တည်ငြိမ်အေးချမ်းမှု မရှိကြောင်း   ဝါဒဖြန့်ဆောင်ရွက် လျက်ရှိသဖြင့်  လုံခြုံရေးတပ်ဖွဲ့ဝင် များအနေဖြင့် ဒေသတွင်းတည်ငြိမ် အေးချမ်းမှုရရှိစေရေးနှင့်   တရား ဥပဒေစိုးမိုးမှု    ရှိစေရေးအတွက် လိုအပ်သည့်    လုံခြုံရေးလုပ်ငန်း များကို  ဆက်လက်ဆောင်ရွက်ပေး လျက်ရှိကြောင်း         သတင်းရရှိ သည်။                      

သတင်းစဉ်