၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိနိုင်ရေး ပြင်ပပုဂ္ဂလိကသို့ တင်ဒါစနစ်ဖြင့် လုပ်ငန်းအပ်နှံဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိနိုင်ရေး

ပြင်ပပုဂ္ဂလိကသို့ တင်ဒါစနစ်ဖြင့် လုပ်ငန်းအပ်နှံဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

============================================================

နေပြည်တော် စက်တင်ဘာ ၁၀

 

၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိနိုင်ရေး ပြင်ပပုဂ္ဂလိကသို့ တင်ဒါစနစ်ဖြင့် လုပ်ငန်းအပ်နှံ ဆောင်ရွက်နိုင်ရေး ဆပ်ကော်မတီနှစ်ရပ် ပူးပေါင်းညှိနှိုင်းအစည်း အဝေး အမှတ်စဉ် (၃/၂၀၂၀) ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ချိတ်ဆက်ကျင်းပ သည်။

 

အမှာစကားပြောကြား

 

ရှေးဦးစွာ ကျောင်းသုံးစာအုပ်များ ရိုက်နှိပ် ထုတ်လုပ်ရေး ဆပ်ကော်မတီဥက္ကဋ္ဌ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ကျောင်းသုံးစာအုပ်များ ဖြန့်ချိရေးဆပ်ကော်မတီဥက္ကဋ္ဌ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အမှာစကားပြောကြားသည်။

 

ဆက်လက်၍ ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရေးဆပ်ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်၊ ကျောင်းသုံးစာအုပ် များ ဖြန့်ချိရေးဆပ်ကော်မတီ အတွင်းရေးမှူး အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းနှင့် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရေး ဆပ်ကော်မတီအတွင်း ရေးမှူး ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်တို့က ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိနိုင်ရေး ပြင်ပပုဂ္ဂလိကသို့ တင်ဒါစနစ်ဖြင့် လုပ်ငန်းအပ်နှံဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ ဆပ်ကော်မတီအလိုက် ဆောင်ရွက်လျက်ရှိ သည်များကို ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် အစည်းအဝေး တက်ရောက်ကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြ ကြပြီး ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် ဦးဝင်းမော်ထွန်းတို့က ဖြည့်စွက်ဆွေးနွေးကြ သည်။

 

ထို့နောက် အစည်းအဝေး ဆုံးဖြတ်ချက် များကို အတည်ပြုပြီး ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။

သတင်းစဉ်