အိမ်ကွင်းမှာ ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့သည့် ဘင်နီတက်ဇ်၏ အဲဗာတန်

 

ပရီမီယာလိဂ်ပွဲစဉ် (၂၁) မှ အဲဗာတန်နှင့် ဘရိုက်တန် အသင်းတို့ပွဲစဉ်ကို   ဒီဇင်ဘာ   ၂  ရက်  ညပိုင်းက ဂွတ်ဒီဆင်ပတ်ခ်၌    အကြိတ်အနယ်    ယှဉ်ပြိုင် ကစားခဲ့ရာ      အပြန်အလှန်သွင်းဂိုးများနှင့်အတူ ဘရိုက်တန်အသင်းက သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိ ခဲ့သည်။ 

 


အဲဗာတန်အသင်းသည် ယခုပွဲစဉ်တွင် ရှုံးနိမ့်ခဲ့ သောကြောင့် နောက်ဆုံးသုံးပွဲဆက် နိုင်ပွဲပျောက်ဆုံး မှုနှင့် ကြုံတွေ့ခဲ့ရသည်။ ဘရိုက်တန်အသင်းသည် ပွဲချိန် သုံးမိနစ်တွင် အဖွင့်ဂိုးစတင်ရရှိခဲ့ပြီး အလစ္စတာ က သွင်းယူပေးနိုင်ခဲ့သည်။ ထို့နောက် ဒုတိယဂိုးကို ပွဲချိန် ၂၁ မိနစ်တွင် ဘန်းက သွင်းယူပေးနိုင်ခဲ့သည်။  ပွဲချိန် ၂၅ မိနစ်တွင် အဲဗာတန်အသင်း ပယ်နယ်တီမှ ချေပဂိုးသွင်းယူရန် အခွင့်ရရှိခဲ့သော်လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့ချေ။ 

 


ဘရိုက်တန်အသင်းအတွက် တတိယဂိုးကို ပွဲချိန် ၇၁ မိနစ်တွင် အလစ္စတာက   သွင်းယူပေးနိုင်ခဲ့ပြီး အဲဗာတန်အသင်းအတွက် ချေပဂိုးကို ပွဲချိန် ၇၆ မိနစ် တွင် ဂေါ်ဒွန်က သွင်းယူပေးနိုင်ခဲ့သည်။ 

 


အခြားသောပွဲစဉ်ရလဒ်များတွင် ဝက်စ်ဟမ်းက ပဲလေ့စ်ကို  သုံးဂိုး-နှစ်ဂိုး၊   ဘရန့်ဖို့ဒ်က  ဗီလာကို နှစ်ဂိုး-တစ်ဂိုး၊ လိဒ်စ်က ဘန်လေကို သုံးဂိုး-တစ်ဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။                                                              

    
   အောင်ဇော်