တောင်ကိုရီးယားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၈၃၃ ဦး ထပ်မံတွေ့ရှိ

ဆိုးလ်    ဇန်နဝါရီ    ၂


တောင်ကိုရီးယားနိုင်ငံ၌ ပြီးခဲ့သည့် တစ်ရက်အတွင်း   ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၈၃၃ ဦး ထပ်မံတွေ့ရှိရ သဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၆၃၉၀၈၃ ဦးရှိလာကြောင်း  သိရသည်။ 


နိုင်ငံအတွင်း     ပြီးခဲ့သည့်ရက်များ အတွင်းက  နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၄၁၅ ဦးရှိခဲ့ရာမှ ကိုဗစ်-၁၉ ရောဂါ    ကာကွယ်ရေးလုပ်ငန်းများကို တင်းကျပ်စွာ ဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ တစ်ရက်အတွင်း     ကိုဗစ်-၁၉ ရောဂါကူးစက်သူအရေအတွက် ကျဆင်း ခဲ့ခြင်းဖြစ်သည်။ 


ယခု ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက် ခံရသူများအနက် ဆိုးလ်ဒေသခံ ၁၁၂၇ ဦး၊   ဂျောင်ဂီပြည်နယ်၌ ၁၂၄၄ ဦးနှင့် အင်ချွန်းဆိပ်ကမ်းမြို့၌  ၂၃၁ ဦးတို့အား အသီးသီးတွေ့ရှိခဲ့သည်။ နိုင်ငံအတွင်းရှိ ကျေးလက်ဒေသများတွင်လည်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မြင့်တက်လာခဲ့ ပြီး ကိုဗစ်- ၁၉ ရောဂါကူးစက်ခံရသူ  ၁၀၈၁ ဦးရှိကြောင်း သိရသည်။   နိုင်ငံ အတွင်း   လက်ရှိအချိန်၌  အိုမီခရွန်ဗီဇ ပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၂၀၇ ဦး ရှိကြောင်း သိရသည်။ 


အဆိုပါ ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက် ခံရသူများအနက် ၆၀၂ ဦးမှာ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများဖြစ်ပြီး ၆၀၅ ဦးမှာ   ပြည်တွင်း၌   ကူးစက်ခံရသူများ ဖြစ်ကြောင်း သိရသည်။  နိုင်ငံအတွင်း  ကိုဗစ်-၁၉ ရောဂါကြောင့် ၆၉ ဦး ထပ်မံ သေဆုံးသဖြင့် သေဆုံးသူပေါင်း ၅၆၉၄ ဦးရှိသည်။ နိုင်ငံအတွင်း လက်ရှိအချိန်၌        ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးစီးသူ  ၄၂၆၀၁၆၂၅ ဦး(လူဦးရေ၏ ၈၃ ရာခိုင်နှုန်း)ရှိပြီး  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံပြီးစီးသူ  ၁၈၄၇၆၇၄၈ ဦး (လူဦးရေ၏ ၃၆ ရာခိုင် နှုန်း)ရှိကြောင်း သိရသည်။          

      
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ