
ဒန်ဗာ ဇန်နဝါရီ ၃
အမေရိကန် အနောက်ပိုင်း ပြည်နယ် ကော်လိုရာဒိုပြည်နယ် တွင် တောမီးလောင်မှုကြောင့် နေအိမ်ပေါင်း ၁၀၀၀ နီးပါး ပျက်စီး ဆုံးရှုံးခဲ့ပြီး သုံးဦးမှာ ပျောက်ဆုံး နေဆဲဖြစ်သည်ဟု သိရသည်။
ဒီဇင်ဘာ ၃၀ ရက်တွင် ဒန်ဗာ မြို့အနီး မြက်ခင်းပြင်မှ စတင်၍ တောမီးလောင်ခဲ့ခြင်း ဖြစ်သည်။ လေပြင်းများတိုက်ခတ်မှုကြောင့် လည်း အိမ်နီးချင်းမြို့များသို့ တောမီး ကူးစက်ပျံ့နှံ့ခဲ့သည်။ အနည်းဆုံး လူပေါင်း ၃၀၀၀၀ ထက်မနည်းကို ကယ်တင်နိုင် ခဲ့သည်ဟု ဒေသခံအာဏာပိုင်များ ကပြောသည်။
မီးသတ်သမားများသည် မီး ကို အောင်မြင်စွာ ငြှိမ်းသတ်နိုင်ခဲ့ ပြီဖြစ်သည်။ နေရပ်ရွှေ့ပြောင်း ရသူများသည် ဇန်နဝါရီ ၁ ရက်တွင် ၎င်းတို့၏ နေအိမ် များသို့ပြန်လာကာ ပျက်စီးဆုံးရှုံး မှုများကို စစ်ဆေးနိုင်ပြီဖြစ်သည်။
အမျိုးသားတစ်ဦးကမူ ၎င်း နေအိမ်မှာ လုံးဝပျက်စီးဆုံးရှုံး သွားခဲ့သည်ဟု သိရသည်။
မီးစတင် လောင်ရသည့် အကြောင်းကို စုံစမ်းမှုများနှင့် ပျောက်ဆုံးနေသူများကို ရှာဖွေ မှုများ စတင်နေပြီဟုလည်း ဒေသခံရဲများက ပြောသည်။
ကြေညာချက်ထုတ်ပြန်
ကော်လိုရာဒို တောမီးကို အဓိက သဘာဝဘေးအန္တရာယ် အဖြစ် သမ္မတ ဂျိုးဘိုင်ဒင်က အသိအမှတ်ပြုခဲ့ကြောင်း ပြည် နယ် အရေးပေါ်စီမံခန့်ခွဲရေး အေဂျင်စီက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အင်န်အိတ်ချ်ကေ