
နေပြည်တော် မတ် ၇
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးအခြေခံလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၀)သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉နာရီခွဲတွင် ကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲ အခမ်းအနားတွင် ကော်မရှင် အတွင်းရေးမှူး ဦးစန်းဝင်းက သင်တန်းဆင်း မိန့်ခွန်းပြောကြားပြီး အခြေခံလေ့ကျင့်ရေး သင်တန်းအမှတ်စဉ်(၁/၂၀၂၀) ၌ ပထမရရှိသော ဒေါ်အိရွှေဇင်အောင်၊ ဒုတိယရရှိသော ဒေါ်သိမ့် သီရိဆွေ၊ တတိယရရှိသော ဒေါ်မြတ်ပန်းဖြူ တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် သည်။
ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်း က သင်တန်းဆင်းလက်မှတ်များကို သင်တန်း သား သင်တန်းသူများကိုယ်စား ဦးကောင်း ထက်လင်းအား ပေးအပ်သည်။
ပို့ချခဲ့
သင်တန်းတွင် အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေ၊ နည်းဥပဒေ၊ အခြားဆက်စပ် ဥပဒေများ၊ ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် တားဆီးကာကွယ်ရေးဘာသာရပ်များ၊ နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ရုံးလုပ်ငန်း လက်စွဲ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကျင့်ဝတ်၊ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု များ၊ အဂတိလိုက်စားမှုဆိုင်ရာ တိုင်းတာခြင်း စသည့်ဘာသာရပ်များအား ကော်မရှင်အဖွဲ့ဝင် များ၊ ပြည်ပအဖွဲ့အစည်းများမှ ကျွမ်းကျင် ပညာရှင်များ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ကော်မရှင်ရုံးတို့မှ သင်တန်းနည်းပြများက ပို့ချခဲ့ကြောင်း သိရသည်။
အခြေခံလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၀)ကို ဖေဖော်ဝါရီ ၁၀ ရက်မှ မတ် ၆ ရက်အထိ လေးပတ်ကြာဖွင့်လှစ်ခဲ့ပြီး အဆိုပါ သင်တန်းသို့ ဒုတိယစုံစမ်းရေးမှူး ၂၅ ဦး၊ လက်ထောက်စုံစမ်းရေးမှူး ၃၀ နှင့် ဒုတိယ လက်ထောက်ဦးစီးမှူး ၈၀ စုစုပေါင်း ၁၃၅ ဦးတို့ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်