ရိန်းဂျား ညာခံစစ်ကစားသမား ပတ်တာဆန်ကို ခေါ်ယူလိုက်သည့် အဲဗာတန်

 

ပရီမီယာလိဂ်ကလပ်   အဲဗာတန်အသင်း သည် ရိန်းဂျားအသင်းမှ စကော့တလန် ညာခံစစ်         ကစားသမား နသန်ပတ် တာဆန်ကို    ၅ နှစ်ခွဲစာချုပ်ဖြင့် ခေါ်ယူ လိုက်ပြီဖြစ်ကြောင်း   သတင်းများတွင်   ဖော်ပြထားသည်။ အသက် ၂၀ အရွယ် အဆိုပါကစားသမားသည်       ဂွတ်ဒီဆင် ပတ်ခ်သို့     အပိုဆုကြေးနှင့်အတူ ပေါင် ၁၁ ဒသမ ၅ သန်းဝန်းကျင်ဖြင့် ပြောင်းရွှေ့ လာခြင်းဖြစ်သည်။ 

 


မိခင်နိုင်ငံ    စကော့တလန်အသင်း အတွက်     ခြောက်ပွဲကစားထားသော   ပတ်တာဆန်သည် ဇန်နဝါရီ အပြောင်း အရွှေ့ကာလတွင်   ယူကရိန်းဘယ်ခံစစ် ကစားသမား    မိုင်ကိုလန်ကို ပြီးနောက် အဲဗာတန်အသင်း၏    ဒုတိယမြောက် ခေါ်ယူမှု ဖြစ်လာခဲ့သည်။   ပတ်တာဆန် သည်  ကစားသမားဘဝကို      ရိန်းဂျား အသင်းတွင် စတင်ခဲ့သူဖြစ်ပြီး    ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ရိန်းဂျားအသင်းနှင့် ပွဲဦးထွက်ကစားခဲ့ကာ လက်ရှိ အချိန်အထိ   အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၂၆  ပွဲ ပါဝင်ကစားထားကာ နှစ်ဂိုးသွင်းယူပေး ထားသည်။ 

 


အဲဗာတန်အသင်းသည် ပရီမီယာလိဂ် ၁၈ ပွဲကစားပြီးချိန်တွင် ရမှတ် ၁၉ မှတ် ဖြင့် အဆင့် (၁၅)နေရာတွင်      ရပ်တည်နေ သည့် အသင်းဖြစ်သည်။    ထို့အပြင် အဲဗာ တန်အသင်းသည် နောက်ဆုံး   ယှဉ်ပြိုင် ကစားထားသည့် ပရီမီယာလိဂ် ၁၂ ပွဲတွင် တစ်ပွဲသာ နိုင်ပွဲရရှိအောင် စွမ်းဆောင် ထားနိုင်သည်အထိ ခြေစွမ်းကျဆင်းနေ သည့် အသင်းလည်းဖြစ်သည်။ 

 


နည်းပြ ဘင်နီတက်ဇ်သည် အဲဗာတန် အသင်းကို ပွဲ ၂၀  တာဝန်ယူကိုင်တွယ် ထားပြီး ခြောက်ပွဲနိုင်၊ ငါးပွဲသရေ၊ ကိုးပွဲ အထိ ရှုံးနိမ့်ထားသည်။ ထို့ကြောင့် နည်းပြ  ဘင်နီတက်ဇ်အနေဖြင့်အသင်း၏ ဆိုးရွား နေသည့်ခံစစ်ကို    ယခုအပြောင်းအရွှေ့    ကာလတွင် ကစားသမားသစ်များ ခေါ်ယူ ကာ အဓိက   ပြင်ဆင်လုပ်ဆောင်နေခြင်း ဖြစ်သည်။    အဲဗာတန်အသင်းသည်     လာမည့်ပွဲစဉ်အဖြစ် အက်ဖ်အေဖလား  ပြိုင်ပွဲတွင် ဇန်နဝါရီ ၉ ရက်၌  ဟူးလ် အသင်းနှင့်     ယှဉ်ပြိုင်ကစားရမည်ဖြစ် သည်။                              

အောင်ဇော်