ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို မလိုလားသူ ဆူပူအကြမ်းဖက်သူများက စာသင်ကျောင်းများ၌ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်

 

 

နေပြည်တော်    ဇန်နဝါရီ    ၇


ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ကံကုန်းကျေးရွာရှိ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို  မလိုလားသူ  ဆူပူအကြမ်းဖက်သူများက ကိုယ့်အားကိုယ်ကိုး တည်ဆောက်ထား သည့်  မူလတန်းကျောင်းအား  မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ ယနေ့ နံနက် ၁ နာရီ ၁၀ မိနစ်တွင် မြောင်းမြမြို့နယ် ကံကုန်းကျေးရွာရှိ ပြည်သူများက ကံကုန်းကျေးရွာနှင့်   အနီးပတ်ဝန်းကျင်ရွာများမှ ကျောင်းနေအရွယ်   ကလေးသူငယ်များ   ပညာ သင်ကြားနိုင်ရေးအတွက်   ကျေးရွာအစီအစဉ်ဖြင့် တည်ဆောက်ထားပြီး သင်ကြားမှုပေးလျက်ရှိသည့် ကိုယ့်အားကိုယ်ကိုးမူလတန်းကျောင်းကို မလိုလား သူ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် ကျေးရွာနေ ပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

 


အကြမ်းဖက်သမားများ၏    မီးရှို့ဖျက်ဆီးခဲ့မှု ကြောင့် ကျောင်းသား  ကျောင်းသူ  ၄၄  ဦး ပညာ သင်ကြားလျက်ရှိသည့် အလျား ၄၅ ပေ၊ အနံ ၂၅ ပေ၊ အမြင့် ၁၂ ပေခန့်ရှိ  ဓနိမိုး၊  ထရံကာ၊   ကိုယ့်အား ကိုယ်ကိုး      မူလတန်းကျောင်းဆောင်တစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။

 


ပေါက်ကွဲမှုဖြစ်ပွားခဲ့


အလားတူ ယနေ့ နံနက် ၆ နာရီ မိနစ် ၅၀ တွင် မန္တလေးတိုင်းဒေသကြီး   ချမ်းမြသာစည်မြို့နယ် မြို့သစ်(၂)ရပ်ကွက် (၇၃) လမ်း ၁၀၇ လမ်းနှင့် ၁၀၈ လမ်းကြားရှိ MITT  တက္ကသိုလ်၏  တောင်ဘက် ဝင်ပေါက်ရှေ့တွင် မသင်္ကာဖွယ်စက္ကူပုံးတစ်လုံး တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါတက္ကသိုလ်၏ တောင်ဘက်ဝင်ပေါက်ရှေ့တွင် အကြမ်းဖက်သမား များက ပုလင်း ခုနစ်လုံး၌ ဆန့်ကျင်စာသားများ ကပ်၍ ထောင်ထားပြီး အဆိုပါပုလင်းများအလယ်၌ ကတ္ထူပုံးတစ်လုံးကို  ထားရှိသည်ကို တွေ့ရှိရသဖြင့် စစ်ဆေးရန်ပြုလုပ်နေစဉ်    အဆိုပါပုံးအတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အအုံ ထိခိုက်ပျက်စီးမှုမရှိကြောင်း   သိရ သည်။ 

 


ဖောက်ခွဲဖျက်ဆီး


ထို့အတူ ဇန်နဝါရီ  ၅ ရက်  ည ၁၀ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် ပန်းစွာကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းဝင်ပေါက် တံခါး ကို    အကြမ်းဖက်သမားများက    လက်လုပ်မိုင်း တစ်လုံးဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ရာ ကျောင်းဝင်တံခါး ပျက်စီးကာ ကွန်ကရစ်တိုင်အောက်ခြေတို့ အနည်း ငယ် ပျက်စီးခဲ့ကြောင်း သိရသည်။

 


အလားတူ ဇန်နဝါရီ ၆ ရက် နံနက် ၈ နာရီခွဲတွင် မွန်ပြည်နယ်   ကျိုက်ထိုမြို့နယ်  ကင်မွန်းချောင်း ကျေးရွာရှိ   အခြေခံပညာအထက်တန်းကျောင်း ဝင်ပေါက်ရှိ    လုံခြုံရေးဂိတ်တဲအတွင်းရှိ   မြေကြီး အတွင်းမှ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါ ဂိတ်တဲအနီး၌   ပညာသင်ကြားနေသော   ကလေး သူငယ်များအား လုံခြုံရေးဆောင်ရွက်ပေးနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦးနှင့် ကလေးအား ကျောင်း လာရောက်ပို့ဆောင်သည့်      အဆိုပါကျေးရွာနေ မဖြူဖြူထွေး (၂၇)နှစ် (ဘ) ဦးစိုးချစ်တို့တွင် မိုင်းစ ထိမှန်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်းနှင့် အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာအား   စစ်ဆေးခဲ့ရာ မပေါက်ကွဲသေးသည့်     လက်လုပ်မိုင်းတစ်လုံးကို ထပ်မံတွေ့ရှိရသဖြင့်   သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ ကြောင်း သိရသည်။ 

 


ဖောက်ခွဲရှင်းလင်း


ထို့အတူ ဇန်နဝါရီ ၆ ရက် နံနက် ၈ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် တွင်းမကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းကို   မြိုင်-ကမ္မ ကားလမ်းအတိုင်း    ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက်သမား   နှစ်ဦးက  လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ လက်လုပ်မိုင်းတစ်လုံးမှာ ကျောင်းဝင်းအတွင်းရှိ မြို့ညွှန်ခန္တီးကျောင်းဆောင် အနီးကျရောက်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက သွား ရောက်စစ်ဆေးခဲ့ရာ   အဆိုပါကျောင်းဆောင်အနီး လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲထားပြီး ကျောင်း ဆောင်နှင့် အုတ်တံတိုင်းအနီးတွင် မပေါက်ကွဲသေး သည့်   လက်လုပ်ရှော့တိုက်မိုင်းတစ်လုံးကို  ထပ်မံ တွေ့ရှိရသဖြင့် ဖောက်ခွဲရှင်းလင်းခဲ့ကြောင်း  သိရှိရ သည်။

 


အကြမ်းဖက်သမားများအနေဖြင့် ကလေးသူငယ် များ    အေးချမ်းစွာ  ပညာသင်ကြားလျက်ရှိသည့် စာသင်ကျောင်းများကို   မိုင်းထောင်ဖောက်ခွဲခြင်း၊  မီးရှို့ဖျက်ဆီးခြင်းနှင့် အခြားအကြမ်းဖက်လုပ်ရပ် များကို ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး   လုံခြုံရေး တပ်ဖွဲ့ဝင်များက    ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။  

       
    သတင်းစဉ်