
ရန်ကုန် ဇန်နဝါရီ ၈
၂၀၂၂ အာရှဖလား အမျိုးသမီး ပြိုင်ပွဲ နောက်ဆုံးအဆင့်ယှဉ်ပြိုင် ရန် မြန်မာ့လက်ရွေးစင် အမျိုး သမီးအသင်းသည် အပြီးသတ် ကစားသမား ၂၃ ဦး ရွေးချယ်မည် ဖြစ်သည်။
မြန်မာအမျိုးသမီးအသင်းသည် အာရှဖလား နောက်ဆုံးအဆင့် အတွက် နိုဝင်ဘာဒုတိယပတ်တွင် စတင်လေ့ကျင့်ခဲ့ပြီး ဒီဇင်ဘာလ တွင် ကစားသမားများ အတိုး အလျှော့ပြုလုပ်ခဲ့ပြီး လက်ရှိတွင် ၂၇ ဦးဖြင့် လေ့ကျင့်နေခြင်းဖြစ် သည်။ ယင်းပဏာမ ကစားသမား များတွင် တိုက်စစ်မှူး ဝင်းသိင်္ဂီ ထွန်းမှာ အိန္ဒိယကလပ် ဂိုကူလမ် အသင်းတွင် သွားရောက်ကစား နေသဖြင့် ၂၆ ဦးဖြင့်သာ လေ့ကျင့် နေခြင်းဖြစ်ပြီး ၎င်းမှာ အိန္ဒိယနိုင်ငံ သို့ ရောက်ရှိမှသာ အသင်းနှင့် ပူးပေါင်းမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာအမျိုးသမီး အသင်းအနေ ဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာရာတွင် ကစားသမား၂၂ ဦးသာ ခေါ်ဆောင် သွားရမည်ဖြစ်ပြီး ကစားသမား လေးဦးသာ လျှော့ချရမည်ဖြစ် သည်။ မြန်မာအမျိုးသမီးအသင်း သည် ပြိုင်ပွဲမတိုင်မီ နိုင်ငံတကာ ခြေစမ်းပွဲများ၊ ဖိတ်ခေါ်ပြိုင်ပွဲများ ကစားရန် ကြိုးပမ်းခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါ အခြေ အနေကြောင့် သွားရောက်နိုင် ခြင်းမရှိဘဲ လေ့ကျင့်မှုပြုလုပ်ပြီး ယှဉ်ပြိုင်ရမည်ဖြစ်သည်။
မြန်မာအမျိုးသမီး အသင်း သည် အောက်တိုဘာလလယ်က ယှဉ်ပြိုင်ကစားသည့် အာရှဖလား ခြေစစ်ပွဲမတိုင်မီကလည်း နိုင်ငံ တကာခြေစမ်းပွဲများ ကစားရခြင်း မရှိဘဲ ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်သည်။ မြန်မာအမျိုးသမီး အသင်းသည် ခြေစစ်ပွဲတွင် ယူအေအီး၊ လက် ဘနွန်နှင့် ဂူအမ်အသင်းတို့ကို ကျော်ဖြတ်ကာ ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်းဖြစ်သည်။
၂၀၂၂ အာရှဖလား အမျိုးသမီး ပြိုင်ပွဲ နောက်ဆုံးအဆင့်ကို ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု(ဂ)တွင် လက်ရှိချန်ပီယံဂျပန်၊ တောင်ကို ရီးယား၊ ဗီယက်နမ်အသင်းတို့နှင့် အုပ်စုကျပ်အတွင်း ကျရောက်နေ သည်။ မြန်မာအမျိုးသမီးအသင်း သည် အာရှဖလားပြိုင်ပွဲယှဉ်ပြိုင် ရန် ဇန်နဝါရီ တတိယပတ်တွင် အိန္ဒိယနိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။
သတင်း-ရဲရင့်လွင်၊ ဓာတ်ပုံ-MFF