
နေပြည်တော် ဇန်နဝါရီ ၈
PDF အမည်ခံ အကြမ်းဖက်သမား များအနေဖြင့် အနာဂတ် လူငယ်၊ လူရွယ်များ ပညာရည်မြင့်မား ရေးအတွက် ဆောင်ရွက်ပေးလျက် ရှိသော ပညာရေးဆိုင်ရာ ရုံး/ဌာန များနှင့် စာသင်ကျောင်းများကို မိုင်းထောင် ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံးများ၊ လက်လုပ်မိုင်း များဖြင့် ပစ်ပေါက်ဖောက်ခွဲ ခြင်းများ လုပ်ဆောင်လျက်ရှိရာ ဇန်နဝါရီ ၇ ရက် နံနက် ၁၀ နာရီခွဲ တွင် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိအရှေ့ရပ်ကွက် ၃၆ လမ်းရှိ မြို့နယ်ပညာရေးမှူးရုံးကို ဆိုင်ကယ် မောင်းနှင်လာသည့် အကြမ်းဖက်သူ အမျိုးသား နှစ်ဦးက လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေး သွားခဲ့ခြင်းကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အသုံး အဆောင်ပစ္စည်းအချို့ ပျက်စီးခဲ့သည်။
အလားတူ မွန်းလွဲ ၁ နာရီခန့်တွင် စစ်ကိုင်းတိုင်း ဒေသကြီး ခင်ဦးမြို့နယ် ရွာသစ်ကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းရှေ့၌ အကြမ်းဖက် သမားများက လက်လုပ်မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲခဲ့ ရာ ပေါက်ကွဲမှုကြောင့် ဦးအောင်သူ (၃၂နှစ်) (ဘ)ဦးထွန်းရှင်တွင် ဝဲ/ယာမျက်လုံးအနီး မိုင်းစထိမှန် ဒဏ်ရာတစ်ချက်၊ ဝမ်းဗိုက်မိုင်းစထိမှန်ဒဏ်ရာ တစ်ချက်၊ ဝဲလက်ဖျံမိုင်းစထိမှန်ဒဏ်ရာ တစ်ချက်တို့ ရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာ နေရာကို အသေးစိတ်စစ်ဆေးခဲ့ရာ ဒန်အိုးဖြင့် ပြုလုပ် ထားသည့် လက်လုပ်မိုင်းတစ်လုံး၊ PVC ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်းတစ်လုံးတို့အား ထပ်မံတွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ သည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ် များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်