
နေပြည်တော် ဇန်နဝါရီ ၉
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ဇန်နဝါရီ ၈ ရက်က လင်မယားချင်း စကားများရန်ဖြစ်ကာ နေအိမ်ကို မီးရှို့မှုဖြစ်ပွားသည်။
ဇန်နဝါရီ ၈ ရက် ည ၇ နာရီ ၄၅ မိနစ်က သာစည်မြို့နယ် ရွာကြီးကုန်းကျေးရွာရှိ ဦးညွန့်လှိုင် (၄၅) နှစ်၏ နေအိမ်တွင် အိမ်စောင့်အဖြစ် နေထိုင်သူ သိန်းဇော် (၄၄) နှစ်သည် အရက်သေစာ သောက်စားမူးယစ်ပြီး ဇနီးဖြစ်သူနှင့် စကားများရန်ဖြစ်ကာ ဦးညွန့်လှိုင် ၏ နေအိမ်ကို မီးရှို့ခဲ့သောကြောင့် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဟံဇားရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီခွဲတွင် မီးငြိမ်းသွား ခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ သဖြင့် ဥပဒေနှင့်အညီအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
ရဲပြန်ကြား