
နေပြည်တော် ဇန်နဝါရီ ၉
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ် မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၅ ရက်နှင့် ၆ ရက်များတွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့မှ ပုသိမ်ခရိုင် ပုသိမ်မြို့နယ် ကိုးဆူ စစ်ဆေးရေးဂိတ်နှင့် ရေကြည်မြို့နယ် မိဿလင်ကျေးရွာအနီးတို့တွင် တရားမဝင်သစ်များ သယ်ဆောင် လာကြောင်း သတင်းအရ ပိတ်ဆို့စစ်ဆေးခဲ့ရာ ကျွန်းသစ် ၅၃ တန်နှင့် ပျဉ်းကတိုးသစ် ၈ တန် စုစုပေါင်း သစ်ခွဲသား ၆၁ တန်ခန့်ကို စစ်ဆေးတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
ထို့အတူ ဇန်နဝါရီ ၇ ရက်တွင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့ တွင် တရားမဝင်သစ်များ သယ်ဆောင်လာကြောင်း သတင်း အရ ပူးပေါင်းအဖွဲ့မှ တောင်ကုတ် မြို့နယ် ကြိုးကြာကွင်းကျေးရွာ၊ နေလသစ္စာပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် စောင့်ဆိုင်းစစ်ဆေးခဲ့ရာ သင်္ဂဒူသစ်ခွဲသားဆိုက်စုံ ၁ ဒသမ ၈ တန်ခန့်အား သိမ်းဆည်းရမိ သည်။
အလားတူ ဇန်နဝါရီ ၈ ရက် တွင် မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေး စခန်း၌ တရုတ်နိုင်ငံမှ တင်သွင်းလာသော ကုန်သေတ္တာများကို စစ်ဆေး ခဲ့ရာ သွင်းကုန်ကြေညာလွှာတွင် ပါဝင်ခြင်းမရှိသော လုပ်ငန်းသုံး သစ်ပုံဖော်စက် လေးလုံး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၄၀၀၀၀၀၀) ခန့် ကိုလည်းကောင်း၊ မော်တော် ဆိုင်ကယ်အပိုပစ္စည်း ခုနစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၆၁၀၀၀၀၀ ခန့်ကို လည်း ကောင်း၊ လူသုံးကုန်ပစ္စည်း ၂၁ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၇၂၅၀၀) ခန့်ကိုလည်းကောင်း စုစုပေါင်း အမှုတွဲ သုံးခု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၃၁၇၂၅၀၀) ခန့်ကို သိမ်းဆည်းရမိခဲ့ပြီး (အပေါ်ယာပုံ)အမှုတွဲ ဖွင့်လှစ်အရေးယူဆောင် ရွက်ခဲ့သည်။
ထို့အတူ ဇန်နဝါရီ ၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသ ကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် တောင်ငူခရိုင်နှင့် သာယာဝတီ ခရိုင်အတွင်းရှိ ကြိုးဝိုင်းသစ်တော များအတွင်း တရားမဝင်သစ် များ ထုတ်လုပ်လျက်ရှိကြောင်း သတင်းအရ ဝင်ရောက်စစ်ဆေး ခဲ့ရာ တရားမဝင် သစ်မျိုးစုံ ၆ ဒသမ ၃၅ တန် ဖမ်းဆီးရမိသည်။
သို့ပါ၍ ဇန်နဝါရီ ၅ ရက်၊ ၆ ရက်၊ ၇ ရက်နှင့် ၉ ရက်များတွင် သစ်မျိုးစုံ ၆၉ ဒသမ ၁၅ တန်ကိုလည်းကောင်း၊ ဇန်နဝါရီ ၈ ရက်တွင် အမှုတွဲ သုံးခု (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၃၁၇၂၅၀၀) ခန့်ကိုလည်းကောင်း ဖမ်းဆီးရမိ ခဲ့ပြီး ဌာနဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက် အရေးယူ ဆောင်ရွက်လျက်ရှိ ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။
သတင်းစဉ်