ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် လာအိုနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက် လာအိုနိုင်ငံက ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၅၀၀၀၀ လှူဒါန်း

Image not available
နေပြည်တော်   မတ်   ၇
 
အပြည်ပြည်ဆိုင်ရာ  ပူးပေါင်းဆောင် ရွက်ရေးဝန်ကြီးဌာန     ပြည်ထောင်စု ဝန်ကြီး   ဦးကျော်တင်သည်   လာအို နိုင်ငံခြားရေးဝန်ကြီး        မစ္စတာ ဆလုံးဆေး ကိုမာဆစ်၏  ဖိတ်ကြား ချက်အရ    မတ် ၅ ရက်မှ  ၆ ရက်အထိ  လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့ပြီး    (၁၂)ကြိမ်မြောက်  မြန်မာ - လာအို    နှစ်နိုင်ငံ   ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ   ပူးတွဲကော်မရှင် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ 
 
ဂါရဝပြုတွေ့ဆုံ
 
ပြည်ထောင်စုဝန်ကြီး  ဦးကျော်တင် သည် မတ် ၆ ရက်  မွန်းလွဲပိုင်းတွင် လာအိုနိုင်ငံ   ဒုတိယသမ္မတ   မစ္စတာ ဖန်ခန် ဗီဖာဝမ် အား သမ္မတအိမ်တော်၌ လည်းကောင်း၊ လာအိုနိုင်ငံ  ဝန်ကြီးချုပ် မစ္စတာ ထောင်လွန်းဆီဆုလစ် အား   ဝန်ကြီးချုပ်၏ ဧည့်ခန်းမ၌ လည်းကောင်း  ဂါရဝပြုတွေ့ဆုံခဲ့သည်။ 
 
ထိုသို့တွေ့ဆုံစဉ်   နှစ်နိုင်ငံခေါင်းဆောင်များအကြား အပြန်အလှန်လည်ပတ်မှု ပိုမိုမြှင့်တင်ခြင်းဖြင့်  နှစ်နိုင်ငံ အကြား ချစ်ကြည်ရင်းနှီးမှု  ပိုမိုကျစ်လျစ်ခိုင်မာစေရေး၊ ဗီယင်ကျန်းမြို့၌ ကျင်းပမည့် မဲခေါင် - လန်ချန်း ထိပ်သီး အစည်းအဝေးသို့  မြန်မာနိုင်ငံ အကြီးအကဲတက်ရောက်ရေး၊ (၆၅)နှစ်မြောက်  နှစ်နိုင်ငံ သံတမန်ဆက်သွယ်မှုထူထောင် ခြင်း  အထိမ်းအမှတ်   အခမ်းအနားများကို ကျင်းပရေး၊ ဒေသတွင်းနှင့်   နိုင်ငံတကာမျက်နှာစာတွင်   အပြန်အလှန်   အကူအညီပေးအပ်ရေး၊ နယ်ပယ်စုံ ပူးပေါင်းဆောင်ရွက်မှု   အထူးသဖြင့်   ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ စွမ်းအင်၊   ခရီးသွားလုပ်ငန်းနှင့်    ပြည်သူအချင်းချင်း ဆက်နွှယ်မှု ပိုမိုမြှင့်တင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်း စွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
 
(၁၂)ကြိမ်မြောက် မြန်မာ - လာအို  နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကော်မရှင်အစည်းအဝေးကို မတ် ၆ ရက်တွင် ဗီယင်ကျန်းမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပရာ   အပြည်ပြည်ဆိုင်ရာ  ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် လာအို နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆလုံးဆေး ကိုမာဆစ်တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့သည်။
 
အစည်းအဝေးတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ကျန်းမာ ရေး၊  ပညာရေး၊  စိုက်ပျိုးရေး၊  စွမ်းအင်နှင့်  ယဉ်ကျေးမှု အပါအဝင် ဘက်စုံကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ရေး ကိစ္စရပ်များ၊ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ  လက်မှတ်ရေးထိုးရေး၊  မြန်မာ- လာအို ချစ်ကြည်ရေးတံတားကို   အသုံးပြု၍  နယ်စပ် ဖြတ်သန်းခွင့်လက်မှတ်ဖြင့် နှစ်နိုင်ငံပြည်သူများ အပြန် အလှန် ကူးသန်းသွားလာမှုပြုလုပ်ရေး၊    ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများတွင်      နီးကပ်စွာ  ပူးပေါင်း ဆောင်ရွက်သွားရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ 
 
အစည်းအဝေးအပြီးတွင်         ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်နှစ်ဦးက   ပူးတွဲကော်မရှင်အစည်းအဝေး၏ သဘောတူညီချက်မှတ်တမ်းကို   လက်မှတ်ရေးထိုးခဲ့ကြ သည်။ 
 
ဆက်လက်၍ ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး ကြိုးပမ်းအားထုတ်မှုများအတွက်   လာအိုနိုင်ငံအစိုးရမှ လှူဒါန်းသည့် အမေရိကန်ဒေါ်လာ ၅၀၀၀၀ တရားဝင် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ကျင်းပရာ ရခိုင် ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက် အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)ကိုယ်စား ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က လာအိုနိုင်ငံခြားရေးဝန်ကြီးအား         ကျေးဇူးတင်လွှာ ပေးအပ်သည်။
 
အစည်းအဝေးသို့ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကိုကိုနိုင်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊   ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့်   အလုပ် သမား၊  လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီး ဌာနတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ 
 
အဆိုပါ      ပူးတွဲကော်မရှင်အစည်းအဝေးမတိုင်မီ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို မတ် ၅ ရက် တွင်ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုနှင့် လာအိုနိုင်ငံခြား ရေးဝန်ကြီးဌာန အာရှပစိဖိတ်နှင့် အာဖရိကရေးရာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်    မစ္စတာ   ဘွန်သနွန်ဆခ် ချန်သလသ်တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ သည်။
 
မတ် ၅ ရက်တွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် သည် လာအိုပလာဇာဟိုတယ်၌ လာအိုနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆလုံးဆေး ကိုမာဆစ်က   မြန်မာကိုယ်စားလှယ် အဖွဲ့အား   ကြိုဆိုတည်ခင်းဧည့်ခံသည့်   ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။ 
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် မြန်မာကိုယ်စား လှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။ 
 
        သတင်းစဉ်