ဘန်လေတိုက်စစ်မှူး ခရစ္စဝုဒ်ကို နယူးကာဆယ်အသင်း ခေါ်ယူ

 

ပရီမီယာလိဂ်ကလပ် နယူးကာဆယ်အသင်းသည် ဘန်လေအသင်းမှ နယူးဇီလန်တိုက်စစ်မှူး ခရစ္စဝုဒ်ကို ပေါင် ၂၅ သန်းဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။ အသက် ၃၀ အရွယ် အဆိုပါကစားသမားသည် နယူးကာဆယ် အသင်းနှင့် ၂၀၂၃-၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုရန် သဘောတူခဲ့သည်။ 

 


နည်းပြ ဟိုဝီသည် အသင်းမှအားထားရသည့် ကစားသမား ဝီလ်ဆင် ဒဏ်ရာကြောင့် ရက်သတ္တ ရှစ်ပတ်အထိ အနားယူရဖွယ်ရှိသောကြောင့် တိုက်စစ်ပိုင်းကို အားဖြည့်လုပ်ဆောင်နေခြင်းဖြစ်ပြီး ဝုဒ်ကို ခေါ်ယူခဲ့ ခြင်းဖြစ်သည်။   ဝုဒ်သည်   အက်သလက်တီကို   မက်ဒရစ်အသင်းမှ ထရစ်ပီယာ အပြောင်းအရွှေ့ပြီးနောက် နယူးကာဆယ်သို့ ဒုတိယမြောက် ရောက်ရှိလာသည့် ကစားသမားဖြစ်လာသည်။ 

 


ဘန်လေအသင်းသည် ဝုဒ်ကို ပရီမီယာလိဂ် တန်းဆင်းဇုန်ပြိုင်ဘက် နယူးကာဆယ်အသင်းထံ ရောင်းချလိုခြင်းမရှိသော်လည်း နယူးကာဆယ် အသင်းက အဆိုပါ ကစားသမား၏ စာချုပ်လျော်ကြေးကို ပေးချေကာ ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ နယူးကာဆယ်အသင်းသည် အပြောင်းအရွှေ့ကို ဆက်လက်လုပ်ဆောင်ဖွယ်ရှိပြီး   ရိမ်းစ်တိုက်စစ်ကစားသမား  ဟူဂို အီကီတိုက်၊ လိုက်ပ်ဇစ်ကွင်းလယ်ကစားသမား ဟိုင်ဒါရာ၊ ဆီဗီလာ   ခံစစ်ကစားသမား   ဒီယေဂို ကားလော့စ်တို့ကို ခေါ်ယူရန် စိတ်ဝင်စားနေ သည်။  နယူးကာဆယ်အသင်းသည် လက်ရှိတွင် ပရီမီယာလိဂ် ၁၉ ပွဲ ကစားပြီး ရမှတ် ၁၁ မှတ်ဖြင့် တန်းဆင်းဇုန်အတွင်း ရပ်တည်နေသည်။              

                          
အောင်ဇော်