
ရန်ကုန် ဇန်နဝါရီ ၁၅
မြန်မာ ယူ-၂၃ အသင်းသည် ဖေဖော်ဝါရီတွင်ယှဉ်ပြိုင်ရမည့် ၂၀၂၂ အာဆီယံ ယူ-၂၃ ပြိုင်ပွဲယှဉ်ပြိုင်ရန် ပဏာမကစားသမား ၃၀ ရွေးချယ် ထားသည်။
မြန်မာ ယူ-၂၃ အသင်းသည် ဇန်နဝါရီ ၁၀ ရက်မှစတင်ကာ စခန်းဝင် လေ့ကျင့်နေပြီး နည်းပြချုပ်အဖြစ် ပိုပေါ့ဗ်က ဆက်လက်ကိုင်တွယ်နေ သည်။ ယင်းအသင်းကို ၂၀၂၁ ခုနှစ် အောက်တိုဘာလကုန်ပိုင်းက ယှဉ်ပြိုင်ကစားသည့် ၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲယှဉ်ပြိုင်ခဲ့ သည့်အသင်းကို အခြေခံဖွဲ့စည်းထားခြင်းဖြစ်သလို ပဏာမလူစာရင်း တွင် စပိန်ဒုတိယတန်းကလပ် လီဟာနက်စ်လူငယ်အသင်းတွင် ကစား နေသည့် တောင်ပံတိုက်စစ်ကစားသမား အာသာဖလည်း ပါဝင်နေသည်။ မြန်မာအသင်းသည် ယင်းပြိုင်ပွဲအပါအဝင် ၃၁ ကြိမ်မြောက် ဗီယက်နမ် ဆီးဂိမ်းပြိုင်ပွဲအတွက်ပါ တစ်ပေါင်းတည်း ပြင်ဆင်နေခြင်းဖြစ်ပြီး အာဆီယံ ယူ-၂၃ ပြိုင်ပွဲအတွက် ပြင်ဆင်ချိန် တစ်လကျော်ရရှိမည်ဖြစ် သည်။
၂၀၂၂ အာဆီယံ ယူ-၂၃ ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၄ ရက်မှ ၂၆ ရက် အထိ ကမ္ဘောဒီးယားနိုင်ငံ၌ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (ခ) တွင် လက်ရှိချန်ပီယံ အင်ဒိုနီးရှား၊ မလေးရှား၊ လာအိုအသင်းတို့ နှင့် ကျရောက်နေသည်။ ယင်းပြိုင်ပွဲတွင် အရှေ့တောင်အာရှ ၁၁ နိုင်ငံ စလုံး ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု (က)တွင် အိမ်ရှင် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ တီမော၊ အုပ်စု (ဂ) တွင် ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ အသင်းတို့ ပါဝင်နေသည်။ ယင်းပြိုင်ပွဲကို တတိယအကြိမ်ကျင်းပခြင်း ဖြစ်ပြီး ၂၀၀၅ နှင့် ၂၀၁၉ ခုနှစ်တို့တွင် နှစ်ကြိမ်ကျင်းပခဲ့သည်။
ရဲရင့်လွင်