
လူငယ်ရေးရာမူဝါဒဆိုင်ရာ မဟာဗျူဟာစီမံချက်အရ ပြည်သူ့နီတိနှင့်
နိုင်ငံသားကောင်းဖြစ်မှု လုပ်ငန်းစီမံချက် ရေးဆွဲအကောင်အထည်ဖော်ရေး ညှိနှိုင်းဆွေးနွေး
================================================================================================================
နေပြည်တော် စက်တင်ဘာ ၃၀
လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက် (၂၀၂၀ - ၂၀၂၄) အပေါ် ဦးစားပေးလုပ်ငန်း အစီ အစဉ်ဖြစ်သည့် ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှု ဆိုင်ရာ လုပ်ငန်းစီမံချက်ရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မြန်မာနိုင်ငံ လူငယ် ရေးရာကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ လူမှုဝန်ထမ်းဦးစီး ဌာန တာဝန်ရှိသူများနှင့် UNFPA Myanmar မှ ကိုယ်စားလှယ်တို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ဦးစားပေးအကောင်အထည်ဖော်
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လူငယ်ရေးရာမူဝါဒကို ပြဋ္ဌာန်းနိုင်ခဲ့ပြီး လူငယ်ရေးရာမူဝါဒ ဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်ကို ဩဂုတ် ၂၀ ရက်တွင် အတည်ပြုနိုင်ခဲ့ပါကြောင်း၊ မူဝါဒပါ အဓိကကဏ္ဍ ၁၆ ရပ်အနက် ပြည်သူ့နီတိနှင့် နိုင်ငံ့သားကောင်းဖြစ်မှု ကဏ္ဍကို ဦးစားပေးအကောင်အထည်ဖော်ရန် ရွေးချယ် ထားရှိပါကြောင်း၊ ယင်းကဏ္ဍတွင် လူ့အခွင့်အရေး၏ တန်ဖိုးများ၊ ဒီမိုကရေစီစံနှုန်းများနှင့် ဖက်ဒရယ်သဘော တရားများကို လူငယ်များ နားလည်၊ ကျင့်သုံးနိုင်စေရေး အားပေးမြှင့်တင်ရန်၊ နိုင်ငံ့သားကောင်းလူငယ်များ ဖြစ်လာစေရေးအတွက် လေ့ကျင့်ပျိုးထောင်သည့် အစီ အစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ လူငယ် များ၏ စေတနာ့ဝန်ထမ်းနှင့် ပရဟိတစိတ်ဓာတ် ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးရန်၊ အထောက်အကူပေးရန်နှင့် ဝန်ထမ်းလူငယ် များကို ထိုက်သင့်သောလစာ၊ စွမ်းရည်မြှင့်တင်မှုအစီအစဉ် များနှင့် အကျိုးခံစားခွင့် ရရှိစေပြီး အလုပ်ကို ဂုဏ်ယူမြတ်နိုး စိတ်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုစိတ်ဓာတ်များ ပျိုးထောင် မြှင့်တင်ပေးခြင်းဖြင့် အဂတိလိုက်စားမှုများကို ဆန့်ကျင် တိုက်ဖျက်ရန်စသော လုပ်ငန်းအစီအစဉ်များကို အကောင် အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
လူငယ်များ ပါဝင်ရန်လိုအပ်နေ
လူငယ်များ၏ စေတနာ့ဝန်ထမ်းနှင့် ပရဟိတ စိတ်ဓာတ်ဖွံ့ဖြိုးမှုသည် လက်ရှိတွင်လည်း အခြေအနေ တစ်ရပ်ကိုရရှိနေပြီဖြစ်ပြီး လူငယ်များအားလုံး ပါဝင်လာရန် လိုအပ်နေပါသေးကြောင်း၊ ပံ့ပိုးကူညီမှုများလည်း ပြုလုပ်ရ မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံလူငယ်ရေးရာ လူငယ်မူဝါဒ အရ လူငယ်ဝန်ထမ်းများလည်း အကျုံးဝင်ပါကြောင်း၊ ဝန်ကြီး ဌာနများရှိ လူငယ်ဝန်ထမ်းများ၏ ရိုးသားမှု၊ ကြိုးစားမှုနှင့် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးသကဲ့သို့ တာဝန်ခံမှု၊ တာဝန်ယူမှုစိတ်ဓာတ်များကိုလည်း မြှင့်တင်ပေးခြင်းဖြင့် အဂတိလိုက်စားမှုများကို ဆန့်ကျင်တိုက်ဖျက်နိုင်မည်ဖြစ် ကြောင်း၊ ရသင့်သည့်အခွင့်အရေးများကိုလည်း အပြည့်အဝ ရရှိစေရန် လိုအပ်ကြောင်း၊ အနာဂတ်အတွက် အမွေကောင်း များကို ခံယူခြင်း၊ ဆက်လက် လက်ဆင့်ကမ်းပေးနိုင်ခြင်း များရရှိရန် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယခု ကိုဗစ်-၁၉ ကာလတွင် ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက် ရသည့် လုပ်ငန်းများကို ကျေပွန်အောင် ထမ်းဆောင်ရမည် ဖြစ်၍ လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် နှောင့်နှေးကြန့်ကြာခြင်းမရှိစေရန် ကိုဗစ်-၁၉ နှင့်ယှဉ်တွဲပြီး အစီအစဉ်များကို ချမှတ်ထားရှိရန် လိုအပ်ကြောင်း၊ လုပ်ငန်း များအကောင်အထည်ဖော်ရာတွင် ဆက်စပ်ဝန်ကြီးဌာနများ၊ လူမှုအဖွဲ့အစည်းများ၊ ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ လူငယ်များအားလုံးနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း၊ ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့မှုဖြစ်ပွားဆဲကာလတွင် မိမိတို့နေအိမ်မှ ပါဝင် ဆောင်ရွက်နိုင်မည့်အစီအစဉ်များကို ဦးစားပေးဆောင် ရွက်ရန်လိုအပ်မည်ဖြစ်ရာ နည်းပညာအပါအဝင် ပူးပေါင်း ဆောင်ရွက်ရမည့် လိုအပ်ချက်များနှင့်ပတ်သက်၍ ဆွေးနွေး ကြရန် တိုက်တွန်းပြောကြားသည်။
တင်ပြဆွေးနွေး
ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်က ပြည်သူ့နီတိနှင့် နိုင်ငံ့သားကောင်းဖြစ်မှုကဏ္ဍနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများ၊ ဆက်စပ်ဝန်ကြီး ဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများနှင့် ဘဏ္ဍာငွေလျာထားမှုများကို တင်ပြ ဆွေးနွေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက ယနေ့အစည်းအဝေး တွင် လူငယ်ရေးရာ မူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာ ဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) အပေါ် လုပ်ငန်းစီမံချက်ရေးဆွဲ ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဖြစ်ပါကြောင်း၊ လက်ရှိ အခြေအနေအရ Online စနစ်ဖြင့် ဆောင်ရွက်ရာတွင် ပိုမို အကျိုးရှိထိရောက်မည့် နည်းလမ်းများဖော်ထုတ်ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ချိတ်ဆက်ဆောင်ရွက်ရမည့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ဆက်လက်ဆွေးနွေး ညှိနှိုင်းရန်ဖြစ်ကြောင်း ပြောကြားသည်။
အကောင်အထည်ဖော်
ထို့နောက် ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေး မှူးများနှင့် UNFPA Myanmar တာဝန်ရှိသူများက လူငယ် ရေးရာကော်မတီဝင်များ၊ လူငယ်များနှင့်အတူ ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့်ဆက်စပ်ဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ သက်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ အစည်းများနှင့် ဆက်သွယ်ပူးပေါင်း ဆွေးနွေးညှိနှိုင်းမည့်အစီအစဉ်များ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အမေးအဖြေ ကဏ္ဍများ၊ Application ရေးဆွဲဆောင်ရွက်ထားရှိမှုများ နှင့် ဦးစားပေးအကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက ဦးစားပေး အစီအစဉ်များအလိုက် အွန်လိုင်းစနစ်ဖြင့် စနစ်တကျ အချိန်ကာလသတ်မှတ်၍ နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ပြောကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်