စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်၌ ခရီးသည်တင်မော်တော်ယာဉ် တစ်စီးကို PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်

 

နေပြည်တော် ဇန်နဝါရီ ၂၂


စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်၌ ခရီးသည်တင်မော်တော် ယာဉ်တစ်စီးကို PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက မိုင်းထောင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ      ယာဉ်မောင်း ဦးစိုးသူ (၆၃)နှစ် (ဘ)ဦးပြေဝင်း နှင့်  ယာဉ်နောက်လိုက်များဖြစ် သည့် ဦးစိုးလွင်(၅၂)နှစ် (ဘ)ဦးလှသန်းနှင့် ဦးရဲတင့်နိုင်(၂၆)နှစ် (ဘ)ဦးတင်ဝင်းတို့သည် ဇန်နဝါရီ ၂၀ ရက်  နံနက် ၁၁ နာရီခွဲတွင် ဒီပဲယင်းမြို့နယ် ပင်စည်ကျေးရွာ အနီး၌ PDF အမည်ခံ အကြမ်းဖက် သမားများ၏       သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဒဏ်ရာရရှိခဲ့ သည့် ကိုကျော်စိုးနှင့်  ကိုအောင် တိုးဦးတို့ နှစ်ဦးနှင့် ၎င်းတို့အား လိုက်ပါကူညီ    ပို့ဆောင်သည့် မဖြူဖြူအောင်တို့နှင့်အတူ ဆေး ကုသရန်အတွက်  ဒီပဲယင်းမြို့မှ မန္တလေးမြို့သို့ “နေမျိုးနွယ်” Mini Bus  ခရီးသည်တင်   မော်တော် ယာဉ်ဖြင့်           ထွက်ခွာလာစဉ် ဇန်နဝါရီ  ၂၁   ရက်  နံနက်   ၉  နာရီခွဲခန့်တွင် ကြက်ခတ်ကျေးရွာ အနီး    မိုင်တိုင်အမှတ်   ၁၂၀ /၆ ဖာလုံနှင့်     ၇   ဖာလုံကြားသို့ အရောက်၌    PDF    အမည်ခံ အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ကြောင်း သိရ သည်။

 


မိုင်းထောင်ဖောက်ခွဲမှုကြောင့် ဦးစိုးသူ၊ ဦးစိုးလွင်နှင့် ဦးရဲတင့်နိုင် တို့တွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သဖြင့်   ဆေးကုသနိုင်ရေး နယ်မြေခံ   တပ်မတော်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း   သိရ သည်။

 


ထိုကဲ့သို့ ခရီးသည်တင်ယာဉ် အား              မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့သည့်  အကြမ်းဖက် အဖွဲ့များအား ဖော်ထုတ်အရေးယူ နိုင်ရေး     နယ်မြေခံတပ်မတော် စစ်ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်  ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။

သတင်းစဉ်