နိုင်ဂျီးရီးယားကို အနိုင်ယူပြီး အာဖရိကနိုင်ငံများဖလား ကွာတားဖိုင်နယ်သို့ တူနီးရှားအသင်း တက်လှမ်း


 

အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်မှ နိုင်ဂျီးရီးယား အသင်းနှင့်  တူနီးရှားအသင်းတို့ ပွဲစဉ်ကို   ဇန်နဝါရီ  ၂၄  ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ တူနီးရှားအသင်းက တစ်ဂိုး-ဂိုးမရှိ ဖြင့် အနိုင်ရရှိပြီး ကွာတားဖိုင်နယ် သို့ တက်‌ရောက်နိုင်ခဲ့သည်။ 
နိုင်ဂျီးရီးယားအသင်းသည် အုပ်စုအဆင့်တွင်   သုံးပွဲကစား သုံးပွဲနိုင် ရမှတ် ကိုးမှတ်နှင့်အတူ အုပ်စုပထမဖြင့်  ၁၆  သင်းအဆင့် သို့ တက်လှမ်းလာနိုင်ခြင်းဖြစ်ပြီး 
ပြိုင်ဘက်   တူနီးရှားအသင်းက အကောင်းဆုံးအုပ်စု တတိယဖြင့် ၁၆ သင်းအဆင့်သို့ တက်လှမ်းလာ နိုင်ခြင်း ဖြစ်သည်။ 
ယခုပွဲစဉ်တွင်  နိုင်ဂျီးရီးယား အသင်းရော   တူနီးရှားအသင်းပါ နောက်တစ်ဆင့်တက်ရောက်နိုင်ရေးအတွက် အဓိက ကစားသမား အစုံအလင်ဖြင့်   ပွဲထွက်လာခဲ့ သည်။ ပထမပိုင်းပွဲချိန်တွင် ဂိုးမရှိ သရေဖြင့်  အဆုံးသတ်ခဲ့သည်။  ဒုတိယပိုင်း  ပြန်လည်စတင်ပြီး    မကြာမီ          တူနီးရှားအသင်း ဦးဆောင်ဂိုးရရှိခဲ့ပြီး    ဒရာဂါ၏  ဖန်တီးမှုမှ အမ်ဆတ်နီက သွင်းယူ ပေးခဲ့သည်။ 
ထို့နောက်တွင် နိုင်ဂျီးရီးယား အသင်း လူစားလဲမှုများပြုလုပ်ကာ ချေပဂိုးရရှိရေးကြိုးစားလာသော် လည်း   ချေပဂိုးနှင့်ဝေးကွာခဲ့ရ သည်။   ထို့အပြင်   နိုင်ဂျီးရီးယား အသင်းမှ လူစားဝင်ကစားသမား ဖြစ်သူ အီယိုဘီကို ပွဲချိန် ၆၆ မိနစ် တွင် တိုက်ရိုက်အနီကတ်ပြ ထုတ် ပယ်ခဲ့သည့်အတွက်   နစ်နာခဲ့ရ သည်။  
အခြားသော   ပွဲစဉ်တွင် ဘာကီနာဖာဆိုအသင်းနှင့် ဂါဘွန် အသင်း တို့  ယှဉ်ပြိုင်ကစားခဲ့ကာ သာမန်ပွဲ      ကစားချိန်အတွင်း တစ်ဖက် တစ် ဂိုးစီသရေကျနေ၍  ပယ်နယ်တီ    အဆုံးအဖြတ်ခံယူ   ခဲ့ရသည်။     ပယ်နယ်တီတွင် ဘာကီနာဖာဆို   အသင်းက  ခုနစ်ဂိုး-ခြောက်ဂိုးဖြင့်    ဂါဘွန် အသင်းကို အနိုင်ရရှိကာ နောက် တစ်ဆင့်သို့     တက်ရောက်နိုင်ခဲ့ သည်။         
        အောင်ဇော်