မြန်မာအမျိုးသမီးအသင်း တောင်ကိုရီးယားကို နှစ်ဂိုး-ဂိုးမရှိဖြင့်ရှုံးနိမ့်

 

 

ရန်ကုန် ဇန်နဝါရီ ၂၄
၂၀၂၂  အာရှဖလား   အမျိုးသမီး ဘောလုံးပြိုင်ပွဲ   အုပ်စုဒုတိယနေ့ အဖြစ် မြန်မာနှင့် တောင်ကိုရီးယား အသင်းတို့   ယနေ့မြန်မာစံတော် ချိန် မွန်းလွဲ ၂ နာရီခွဲက အိန္ဒိယ နိုင်ငံ၌ ယှဉ်ပြိုင်ကစားရာ မြန်မာ အသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့် ခဲ့သည်။
အာရှထိပ်သီး တောင်ကိုရီးယား အသင်းနှင့်       ခြေစွမ်းပိုင်းအရ ကွာခြားမှုရှိသော်လည်း မြန်မာ အသင်းသည် အကောင်းဆုံးတုံ့ပြန် ကစားနိုင်ခဲ့ပြီး     ဒုတိယပိုင်းတွင် ပေးလိုက်ရသည့်  နှစ်ဂိုးဖြင့်သာ ရှုံးနိမ့်ခဲ့သည်။  မြန်မာအသင်း သည်     တောင်ကိုရီးယားနှင့် တွေ့ဆုံတိုင်း     ဂိုးပြတ်အရေးနိမ့်ခဲ့ သော်လည်း ယခုပွဲတွင်  နှစ်ဂိုးသာ ပေးခဲ့ရခြင်းဖြစ်သည်။ တောင်ကို ရီးယားအသင်းသည် နှစ်ပွဲဆက် အနိုင်ရကာ ရမှတ်ခြောက်မှတ်ဖြင့် ကွာတားဖိုင်နယ်   တက်ရောက် သွားပြီး မြန်မာအသင်းမှာမူ နှစ်ပွဲ ဆက်အရေးနိမ့်ကာ   အမှတ်မရ သေးပေ။ ပြိုင်ပွဲကျင်းပသည့် ပုံစံ အရ အုပ်စုသုံးခုမှ ထိပ်ဆုံးနှစ်သင်း စီနှင့် တတိယနေရာရအသင်းများ အနက် အကောင်းဆုံးနှစ်သင်းမှာ ကွာတားဖိုင်နယ် တက်ရောက်ခွင့် ရမည်ဖြစ်ရာ  မြန်မာအသင်းအနေ ဖြင့် နောက်ဆုံးပွဲတွင် အနိုင်ရပါက အုပ်စုတတိယနေရာရယူ နိုင်မည် ဖြစ်သည်။   မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် ဇန်နဝါရီ ၂၇ ရက်တွင် ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မြန်မာအသင်းသည်  မေဇင် နွယ်(ဂိုး)၊ ခင်သန်းဝေ၊ ချစ်ချစ်၊ နန့်ဇူဇူးထက်၊ ဖြူဖြူဝင်း၊ ခင်မိုမို ထွန်း၊ ခင်မာလာထွန်း၊ နော်ထက် ထက်ဝေ၊  နုနု၊  စန်းသော်သော်၊ ဂျူလိုင်ကျော်တို့ဖြင့်    ပွဲထွက်ခဲ့ ပြီး       ဂျပန်နှင့်ကစားခဲ့သည့် ပထမပွဲမှ  ပွဲထွက်လူစာရင်းကို အနည်းငယ်        အပြောင်းအလဲ ပြုလုပ်ခဲ့သည်။  တောင်ကိုရီးယား အသင်းသည်    ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့သော်လည်း မြန်မာအသင်းမှာ ခံစစ်ကို  ဆင့်ကဲ ဆင့်ကဲ့     ပိတ်ဆို့ကစားခဲ့သလို ဂိုးသမား မေဇင်နွယ်လည်း အမှား မရှိသဖြင့်  ပထမပိုင်းတွင်   ဂိုးမရှိ သရေကျနေသည်။    ဒုတိယပိုင်း တွင် တောင်ကိုရီးယားအသင်းက တိုက်စစ်ပိုမြှင့်လာပြီး  မိနစ်  ၅၀ တွင် မြန်မာခံစစ်အမှားကို အခွင့် ကောင်းယူကာ လီဂွမ်မင်က အဖွင့် ဂိုးသွင်းယူခဲ့သည်။  ယင်းနောက် ပိုင်းတွင် တောင်ကိုရီးယားအသင်း ကသာ   ပွဲကို  ထိန်းချုပ်နိုင်ခဲ့ပြီး ဒုတိယဂိုးကို ၈၄ မိနစ်တွင် ဂျီဆိုး ယွန်က သွင်းယူခဲ့သည်။
ရဲရင့်လွင်