ပုသိမ်ကြီး၊ ဝမ်းတွင်း၊ မိုင်းဆတ်နှင့် မော်လမြိုင်မြို့နယ်တို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်   ဇန်နဝါရီ    ၂၇  


မူးယစ်ဆေးဝါး  တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ   ပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဇန်နဝါရီ ၂၆ ရက် မွန်းလွဲ ၁၂ နာရီတွင် ပုသိမ် ကြီးမြို့နယ်    ရွှေစာရံကျေးရွာ အုပ်စု   ကျောက်ချောကျေးရွာ အနီး   မန္တလေး-ပြင်ဦးလွင်သွား ကားလမ်းတွင်   သန်းထွန်း(ခ)ကိုသူ မောင်းနှင်ပြီး မလှိုင်မော်(ခ)မလှိုင်လိုက်ပါလာသည့် မော်တော် ဆိုင်ကယ်ကို    ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၄၈၀၀ ကိုလည်းကောင်း၊ ထို့ပြင် မူးယစ်ဆေးဝါး   တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့ဝင်များ  ပါဝင်သော ပူးပေါင်းအဖွဲ့သည်       ယင်းနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ဝမ်းတွင်းမြို့ သဲတောမြို့မအမှတ်(၃)ရပ်ကွက် လွတ်လပ်ရေးကွင်း   အနီးတွင် သီဟဇော်(ခ)ဖိုးပြည့်  မောင်းနှင် လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၁၀၀  သိမ်းဆည်း ရမိခဲ့ပြီး ကွင်းဆက်အရ   မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် ဝမ်းတွင်း မြို့နယ် ဘုရားဖြူကျေးရွာအုပ်စု ရွာရှည်ကျေးရွာအနီး  မန္တလေး-ရန်ကုန်ကားလမ်းဟောင်း မိုင်တိုင် အမှတ်(၃၃၇/၄)နှင့် (၃၃၇/၅)ကြားတွင်နေလင်းဦး(ခ)ရွှေတောင် မောင်းနှင်ပြီး ကိုလင်း(ခ)ငကြွက် လိုက်ပါလာသည့်    မော်တော် ဆိုင်ကယ်ကို   ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၇၀၀ ကိုလည်းကောင်း သိမ်းဆည်း ရမိခဲ့သည်။

 


ထို့အတူ ယင်းနေ့ နံနက် ၁၁  နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင် သောပူးပေါင်းအဖွဲ့သည် မိုင်းဆတ် မြို့နယ် မအို့ကျေးရွာအုပ်စု ဝမ်ပုံ ကျေးရွာအနီးတွင် အားဂါ မောင်းနှင် ပြီး လီပလိုက်ပါလာသည့် မော်တော် ဆိုင်ကယ်ကို   ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၄၀၀၀ ကို လည်းကောင်း      သိမ်း ဆည်းရမိခဲ့ပြီး     ကွင်းဆက်အရ  မွန်းလွဲ ၁၂ နာရီ ၄၅   မိနစ်တွင်     မိုင်းတွန်း(တောင်ပေါ်)  ကျေးရွာ အုပ်စု ဘိုယားကျေးရွာနေ ကျားဖူ ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၆၀၀ ကိုလည်းကောင်း၊ အလားတူ မွန် ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော    ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၅ ရက် ည ၈ နာရီတွင် မော်လမြိုင်မြို့နယ်        မုရောင်း ကျေးရွာအုပ်စု မုရောင်းကျေးရွာ အနီးတွင်        ဖြိုးဇော်အောင် မောင်းနှင်ပြီး    မယဉ်ယဉ်ထိုက် လိုက်ပါလာသည့်     မော်တော် ဆိုင်ကယ်ကို      ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅၀ ကို လည်းကောင်း   သိမ်း ဆည်းရမိခဲ့သဖြင့်      ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်         စိတ်ကို ပြောင်းလဲစေသော  ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်း သိရသည်။    

ရဲပြန်ကြား