
ကိုဗစ်−၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ် အောက်တိုဘာ ၇ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသမည်
=============================================================================
နေပြည်တော် အောက်တိုဘာ ၆
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး COVID-19 ရောဂါအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို စက်တင်ဘာ ၂၉ ရက်မှစ၍ အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် ညနေ ၆ နာရီခွဲ မှ ည ၇ နာရီအထိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသလျက်ရှိရာ အောက်တိုဘာ ၇ ရက်တွင် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး နှင့် စပ်လျဉ်း၍ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုး အကြံပြုအားဖြည့် ဆောင်ရွက်နိုင်ရေး အဖွဲ့ဝင် ကျန်းမာရေးပညာရှင်ကြီးများနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူ ကျန်းမာရေးပညာရှင်များဖြစ်သည့် သွေးရည်ကြည်ကုထုံးကော်မတီ ဥက္ကဋ္ဌ သွေးရောဂါ အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာရဲမြ၊ နည်းပညာပိုင်း ဆိုင်ရာ ကူညီပံ့ပိုးအကြံပြုအားဖြည့်ဆောင်ရွက်ရေးအဖွဲ့(အဖွဲ့ဝင်) ခေတ္တညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား) ဒေါက်တာသန်းဝင်း၊ ရန်ကုန်တိုင်းဒေသကြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ(၂) ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်တို့က ပြည်သူများ သိရှိမေးမြန်းလိုသည့် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်စပ်လျဉ်းသည့် မေးခွန်း များအပေါ် ပြန်လည်ဖြေကြားချက်များကို ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်