စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ကိုဗစ်-၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးအတွက် ငွေကျပ် ၂၉၂ သိန်း ထပ်မံလှူဒါန်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက

ကိုဗစ်-၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးအတွက် ငွေကျပ် ၂၉၂ သိန်း ထပ်မံလှူဒါန်း

================================================================================================

 

နေပြည်တော် အောက်တိုဘာ ၆

 

ကိုဗစ်-၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ် ရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်း မိသားစုများက စုပေါင်းလှူဒါန်းသည့် ဒုတိယအကြိမ် အလှူငွေပေးအပ်ပွဲကို ယနေ့ညနေပိုင်းက နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)၌ ကျင်းပသည်။

 

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးလှကျော်က လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ပေးအပ်လှူဒါန်း

 

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးတို့ အမှူးပြုသော ဝန်ကြီး ဌာနအောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များမှ နိုင်ငံ့ဝန်ထမ်းများ စုပေါင်းထည့်ဝင်လှူဒါန်းသည့် အလှူ ငွေကျပ် ၂၉၂၀၀၀၀ဝ ကို ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများကိုယ်စား ဒုတိယ ဝန်ကြီးက ပေးအပ်လှူဒါန်းရာ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)မှ တာဝန်ရှိသူများက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင် စကားပြောကြားသည်။

ယနေ့လှူဒါန်းမှုသည် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၌ လိုအပ်လျက်ရှိသော အောက်ဆီဂျင် ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းအပါ အဝင် ကိုဗစ်-၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံး ပြုရန်အတွက် ရည်ရွယ်လှူဒါန်းခြင်း ဖြစ်ကာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်း မိသားစုများက ပထမအကြိမ် လှူဒါန်း ငွေကျပ် ၈၇၅၀၀၀၀ဝ ကို စက်တင်ဘာ ၂၉ ရက်တွင် ကိုဗစ်-၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ လှူဒါန်းခဲ့ရာ ယနေ့ လှူဒါန်းမှုအပါအဝင် စုစုပေါင်း ငွေကျပ် ၁၁၆၇၀၀၀၀ဝ ကို ကိုဗစ်-၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်း များတွင် အသုံးပြုရန်အတွက် လှူဒါန်း ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

 

သတင်းစဉ်