တာချီလိတ်မြို့နယ်၌ ငွေကျပ်သိန်း ၇၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော်   ဇန်နဝါရီ    ၃၀


တာချီလိတ်မြို့နယ်တွင် ငွေကျပ် သိန်း   ၇၆၀၀   ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ   သိမ်းဆည်း ရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။
ဖြစ်စဉ်မှာ        မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး   ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည်  ဇန်နဝါရီ  ၁၉  ရက် မွန်းလွဲ ၁  နာရီခွဲခန့်တွင်   ရှမ်း ပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် မြို့နယ် ဝှေလေလန် - ပါခုတ်သွား ကားလမ်း ပါခုတ်ကျေးရွာအနီး တွင် စိုင်းအွန်(ခ) အိုက်အွန် မောင်း နှင်လာသည့် ဆိုင်ကယ်ကို သတင်း အရရှာဖွေရာ   စိတ်ကြွရူးသွပ် ဆေးပြား တစ်သိန်း၊ ကတ်တမင်း ၁၀ ကီလို  သိမ်းဆည်းရမိခဲ့ပြီး သတင်းကွင်းဆက်အရ မွန်းလွဲ ၂ နာရီခန့်တွင်  တာချီလိတ်မြို့နယ် နမ့်လွတ်(ရှမ်း)ကျေးရွာရှိ   ယိန်း နှင့်   မနန်းအင်တို့၏  နေအိမ် အိပ်ခန်းအတွင်းမှ  စိတ်ကြွရူးသွပ် ဆေးပြား ၁၆  သိန်း ဆက်လက် သိမ်းဆည်း             ရမိခဲ့ကြောင်း၊ ကွင်းဆက်   ဖော်ထုတ်ချက်အရ    ည ၇ နာရီတွင် တာချီလိတ်မြို့နယ် ပါခုတ်ကျေးရွာရှိ   နေအိမ်တွင် အိုက်ဆီယွန်း  (ခ)အိုက်ကျိုင်းကို ထပ်မံဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၇၆၀၀ ကျော်တန်ဖိုးရှိ  စိတ်ကြွ ရူးသွပ်ဆေးပြား      ၁၇ သိန်း၊ ကတ်တမင်း ၁၀ ကီလို သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့လေးဦးကို ဥပဒေ အရအရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှု         ကျူးလွန်သူများအား                 ဆက်လက် စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း သိရသည်။  

 သတင်းစဉ်