နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတစ်နှစ်တာခရီး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်   နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို တာဝန်ယူဆောင်ရွက်ခဲ့သည်မှာ       တစ်နှစ်တာခရီးရောက်ရှိခဲ့ပြီဖြစ်သည်။ တစ်နှစ်တာကာလအတွင်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် အကောင်အထည်ဖော်နိုင် ရေး ကြိုးပမ်းဆောင်ရွက်ချက်များကို ပြတ်ပြတ်ထင်ထင် မြင်တွေ့ရမည်ဖြစ်သည်။
မြန်မာ့နိုင်ငံရေးခရီးလမ်းတွင် အကွေ့အကောက်၊ အတက်၊  အကျ၊  အလှည့် အပြောင်းအမျိုးမျိုးတို့ကို ကြုံတွေ့ခဲ့ဖူးသည်။ ယနေ့မြန်မာ့နိုင်ငံရေးခရီးသည် တစ်မူထူးခြားသည့် အလှည့်အပြောင်းခရီးတစ်ခုဟု ဆိုနိုင်သည်။ လက်ရှိအခြေ အနေတွင် မြန်မာနိုင်ငံအား တိုင်းသူပြည်သားများ လိုလားနှစ်သက်သည့်ဒီမို ကရေစီခရီးကို လျှောက်လှမ်းရာတွင် စစ်မှန်သည့်ဒီမိုကရေစီဦးတည်ရာလမ်းကို သွေဖည်၍   တစ်ပါတီအာဏာရရှိရေး   မရိုးမသားဆောင်ရွက်မှုကြောင့်  မြန်မာ့ နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်လာသည်။
မြန်မာ့နိုင်ငံရေးအပြောင်းအလဲကို ဓမ္မဓိဋ္ဌာန်ကျကျ ရှေ့နောက်ဆင်ခြင်ကြည့် ပါမှ  ပကတိဖြစ်စဉ်အမှန်တရားကို   အထင်အရှားမြင်တွေ့နိုင်မည်ဖြစ်သည်။ တပ်မတော်က နိုင်ငံတော်တာဝန်ကို  ရယူမထိန်းသိမ်းမီအခြေအနေနှင့်   ရယူ ထိန်းသိမ်းပြီးနောက် ဖြစ်ပေါ်လာသောအခြေအနေများကို မှန်မှန်ကန်ကန်ရှုမြင် ဆင်ခြင်လျှင် အကြောင်းအကျိုး၊ အကောင်းအဆိုးတို့ကို ခွဲခြားတွေ့မြင်နိုင်မည်။ ယင်းတို့တွင် အဆိုးနုတ်၊ အကောင်းထုတ်၍ နိုင်ငံတော်ကို ပြန်လည်တည့်မတ်အောင် တစ်နှစ်တာဆောင်ရွက်ခဲ့မှုများကို ထင်ရှားပေါ်လွင်စွာ မြင်တွေ့ရမည်ဖြစ်သည်။ 
နိုင်ငံတော်ကို ယခင်တာဝန်ယူဆောင်ရွက်ခဲ့သော အစိုးရဟောင်းက အာဏာ သက်တမ်းရှည်ကြာရေးအတွက်   ရွေးကောက်ပွဲနှင့်ပတ်သက်၍    မရိုးမသား ဆောင်ရွက်မှုများသည် အဓိကကျသောအကြောင်းရင်းခံဖြစ်သော်လည်း မြန်မာ နိုင်ငံလုံခြုံရေးနှင့် အစဉ်အလာကြီးမားသော  မြန်မာတို့၏ထူးခြားသည့်ဝိသေသ လက္ခဏာများ   ယိုယွင်းပျက်စီးစေအောင်    ဖန်တီးခဲ့သောအစိုးရဟောင်း၏ ဆောင်ရွက်ချက်များမှာ လျစ်လျူရှု မျက်ကွယ်ပြု၍မရနိုင်သောအချက်များ ဖြစ်သည်။ 
မြန်မာနိုင်ငံသည်   ယဉ်ကျေးမှုအစဉ်အလာကြီးမားသောနိုင်ငံဖြစ်သည်။ ဘာသာ၊ သာသနာ၊ စိတ်ဓာတ်နှင့် အကျင့်စာရိတ္တများ မြင့်မားခိုင်ကျည်သောနိုင်ငံ ဖြစ်သည်။ မျက်မှောက်ကာလ၌ နိုင်ငံကို ခေတ်နှင့်အညီလိုက်ပါတိုးတက်အောင် ဆောင်ရွက်ရာတွင်  မြန်မာတို့၏အစဉ်အလာကြီးမားသော   ဓလေ့စရိုက်နှင့် ယဉ်ကျေးမှုများကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့လိုပါသည်။ တပ်မတော်က နိုင်ငံတော်တာဝန်မယူမီကာလက မြန်မာတို့၏ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုများ ဖျက်ဆီးခံခဲ့ရသည်။ မြန်မာတို့၏ လူမှုစံနှုန်းများ၊ စီးပွားရေး၊ စီမံ ခန့်ခွဲအုပ်ချုပ်ရေး အားနည်းချွတ်ယွင်းမှုများကြောင့် တိုင်းပြည်မှာ အနုတ်လက္ခဏာ ဆောင်လာသည်ကို မြင်တွေ့ရသည်။
အစိုးရဟောင်း၏ မရိုးမသားဆောင်ရွက်မှုများ၊ အခွင့်အာဏာအလွဲသုံးစားမှု များနှင့် နိုင်ငံတော်အာဏာကို အဓမ္မရယူရန် ကြိုးပမ်းဆောင်ရွက်မှုများကြောင့် တပ်မတော်က နိုင်ငံတော်ကို ခေတ္တထိန်းသိမ်းဆောင်ရွက်ခဲ့ခြင်းသည် နိုင်ငံတော်၏ အနာဂတ်အရေးအတွက် မဖြစ်မနေဆောင်ရွက်ရမည့်  အလှည့်အပြောင်းတစ်ခု သို့မဟုတ် အမျိုးသားရေးတာဝန်ဟုဆိုနိုင်ပါသည်။  တပ်မတော်က နိုင်ငံတော် တာဝန်ယူခဲ့သည့် ကြားကာလသည် ယိုယွင်းခဲ့သောနိုင်ငံတော်ကို ပြန်လည် တည့်မတ်အောင် ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ရိုးရှင်းစွာရှုမြင်နိုင်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ကို ပြန်လည်တည့်မတ် ကောင်းမွန်လာစေရန်အတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်(၉)ရပ်ကို တစ်ချိန်တည်း တစ်ပြိုင်တည်း အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်နေသည်။  နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူများ အကျိုးစီးပွား ပျက်ပြားစေရန် တစိုက်မတ်မတ် ကြံစည်အားထုတ်ဆောင်ရွက်နေသော အကြမ်း ဖက်အဖျက်သမားများအား  ရှင်းလင်းဖယ်ရှားပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းအောင် ကြိုးပမ်းဆောင်ရွက်နေသည်။
တပ်မတော်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို အစဉ်အဆက်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်လျက်ရှိသည်။ ထို့အပြင် တိုင်းရင်းသားပြည်သူများလိုလား သည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိသည်။ တိုင်းရင်းသားပြည်သူများ လူမှုစီးပွားတိုးတက်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုးရေးတို့ကို အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်နေသည်။
သို့ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်နှင့်ပြည်သူ အကျိုးကိုရှေးရှု၍ နိုင်ငံတော်၏အနာဂတ်နှင့်ပကတိလိုအပ်ချက်အတွက် တစ်နှစ်တာ ကာလအတွင်း ထိထိရောက်ရောက်ခရီးပေါက်အောင် ဆောင်ရွက်နိုင်ခဲ့သည်ဟု ရှုမြင်ပါကြောင်း။    ။