အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သူများနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ကြေညာထားသည့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက် ထောက်ပံ့နေသူများကို ပြစ်ဒဏ်အသီးသီးချမှတ်

 

နေပြည်တော်  ဖေဖော်ဝါရီ   ၃


ရန်ကုန်တိုင်းဒေသကြီး    ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်   (၅၈)  ရပ်ကွက်      ဦးအုန်းလွင်လမ်းနေ ထက်ကိုဦး (ခ) ကတုံး (ဘ)ဦးဌေးအောင်သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလမှစ၍ ဆူပူဆန္ဒပြမှုဖြစ်စဉ်များ တွင် တက်ကြွစွာပါဝင်လှုပ်ရှားခြင်း၊   အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၁)ဖြင့်      အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၅၈)ရပ်ကွက်  ဦးအုန်းလွင်လမ်းရှိ  အထည်ချုပ်စက်ရုံ အတွင်း၌ FCG-9 သေနတ် တစ်လက်၊ ၉မမကျည် ၂၃၈ တောင့်၊ ကျည်အိမ် သုံးခု၊  အပစ်ခလုတ် တစ်ခု၊ သေနတ်ဒင်အစိတ်အပိုင်း တစ်ခု၊ ကိုယ်ထည်အစိတ် အပိုင်း တစ်ခု၊ သေနတ်ပြောင်း ခြောက်ခု၊ မောင်းပြန် စပရိန် တစ်ချောင်း၊ လက်လုပ်မိုင်း လေးလုံး၊ TNT မိုင်း လေးလုံး၊ ယမ်းကြိုး တစ်ထုပ်၊ PVC ပိုက်ဖြင့် ပြုလုပ်ထားသော   လက်လုပ်မိုင်း  တစ်လုံးတို့ကို သိမ်းဆည်းထားခဲ့ခြင်းဖြင့်      အကြမ်းဖက်ဗုံးခွဲ တိုက်ခိုက်မှုဆိုင်ရာပြစ်မှုကို ကျူးလွန်ခဲ့ခြင်းအတွက် ကြောင့်လည်းကောင်း။

 


     ရန်ကုန်တိုင်းဒေသကြီး      သင်္ဃန်းကျွန်းမြို့နယ်   စံပြရပ်ကွက်  စံပြ(၁)လမ်း အမှတ်(၃၇၁)နေ ဝေယံ ထက် (ခ) နိုင်ကြီး (ဘ) ဦးဇော်မင်းလှိုင်၊   ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်  (၄၅) ရပ်ကွက် ကြေးတိုင်လမ်း အမှတ်(၂၈)နေ မျိုးမြင့်မြတ်အောင်(ခ)မျိုးကြီး(ခ)အောင်လေး (ဘ) ဦးကျော်ဇေယျအောင်နှင့် (၄၀)ရပ်ကွက် ဗိုလ်တေဇလမ်း အမှတ်(၉၉)နေ ဝင်းဇော်မိုး (ခ)မိုးဟိန်း(ခ) Brain  Wave (ဘ)ဦးကျော်မင်းမင်းကို တို့သည် တောင်ဥက္ကလာပမြို့မရဲစခန်းအား ၄၀ မမ လောင်ချာတစ်လက်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြင့်   အများ ပြည်သူ၏  လုံခြုံရေးကိုဖြစ်စေ၊ အသက်အိုးအိမ် စည်းစိမ်ကိုဖြစ်စေ၊   အများပြည်သူ  (သို့မဟုတ်) တစ်ဦးတစ်ယောက်အတွက် အရေးကြီးသော အခြေခံ အဆောက်အအုံများကို ဖြစ်စေ၊ နိုင်ငံပိုင်အဆောက် အအုံကိုဖြစ်စေ  ပြင်းထန်စွာ   ထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်ခဲ့ခြင်းကြောင့်လည်းကောင်း စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ဈ)၊ ရာဇသတ်ကြီးပုဒ်မ-၅၀၅(က)(က)နှင့် ၅၀ (က) တို့အရ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်တွင်  ၎င်းတို့ကို   “ထောင်ဒဏ်တစ်သက်”  ပြစ်ဒဏ်ကို အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

 


အဆိုပါ       ပြစ်ဒဏ်ချမှတ်ခံရသူများအနက်မှ ထွက်ပြေးလွတ်မြောက်နေသူများကို      ၎င်းနှင့် စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

 


စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာထား သည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့် ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထား ကြောင်းနှင့်   အဆိုပါပြစ်မှုများကို  ဖောက်ဖျက် ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက် ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်