ပုလဲမြို့နယ် အင်မထီးကျေးရွာရှိ နေအိမ်များအား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးမှုနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းချက်

 

နေပြည်တော်   ဖေဖော်ဝါရီ    ၃


စစ်ကိုင်းတိုင်းဒေသကြီး   ပုလဲမြို့နယ်  အင်မထီး ကျေးရွာရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၏ စခန်း နှင့် ကျေးရွာအနီးတစ်ဝိုက်သို့ ဇန်နဝါရီ  ၃၀ ရက် ညနေပိုင်းတွင်  PDF အမည်ခံ အကြမ်းဖက်သမားများ က  ရွာ၏တောင်ဘက်နှင့်  အရှေ့တောင်ဘက်တို့မှ  အင်အားအလုံးအရင်းဖြင့်    ချဉ်းကပ်တိုက်ခိုက် လာခဲ့ပြီး   ကျေးရွာနေအိမ်များအား     မီးရှို့ဖျက်ဆီး ထွက်ပြေးသွားခဲ့ကြောင်း    သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ 

 


ထိုကဲ့သို့   ကျေးရွာတွင်းရှိ   နေအိမ်များအား အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးသွားခဲ့ခြင်း ဖြစ်သော်လည်း    အကြမ်းဖက်အဖွဲ့များဖြစ်သည့် NUG၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၊ ၎င်းတို့၏ လက်ဝေခံလူပုဂ္ဂိုလ်အချို့နှင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို  မလိုလားသည့် ပြည်ဖျက် မီဒီယာအချို့တို့က   လူမှုကွန်ရက်စာမျက်နှာများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက   မီးရှို့ဖျက်ဆီးခဲ့သကဲ့သို့ မဟုတ်မမှန် သတင်းအမှားများကို ဝါဒဖြန့်ရေးသား လျက်ရှိသည်။

 


၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ အင်မထီးကျေးရွာရှိ ဒေသခံရွာသားတစ်ဦးက PDF အမည်ခံ အကြမ်းဖက် သမားများသည်  အေးချမ်းစွာ နေထိုင်နေကြသည့် အပြစ်မဲ့ပြည်သူများ၊ သက်ကြီးရွယ်အိုများ၊ ကလေး သူငယ်များနှင့် ကိုယ်ဝန်ဆောင်များကိုပါ သတ်ဖြတ် ပြီး မီးရှို့ဖျက်ဆီးမှုများကြောင့် အပြစ်မဲ့ပြည်သူများ အိုးမဲ့အိမ်မဲ့ဖြစ်ကာ ကလေးသူငယ်များပါ အနာဂတ် ပျောက်သွားရပြီဖြစ်ကြောင်း၊ ပြည်သူများ၏ဘဝကို ကိုယ်ချင်းစာပေးစေလိုပြီး ယခုကဲ့သို့ လုပ်ရပ်များကို ဘာကြောင့်လုပ်ဆောင်ရကြောင်း စသည့်မေးခွန်း များစွာဖြင့် စကားသံများကို  ယခုကဲ့သို့  ကြားသိရ   ပါသည်။

 


အမျိုးသားတစ်ဦး


ကျွန်တော်တို့ဘဝက   တောင်သူတွေပါ။  အဲဒီ တောင်သူတွေရဲ့ဘဝ တစ်ခုကို အေးအေးချမ်းချမ်းနေ တာပါ။   အဲဒါကို   ရက်ရက်စက်စက်  သက်ကြီး ရွယ်အိုတွေ၊ ကလေးတွေ ၊ ကိုယ်ဝန်ဆောင် မိခင်တွေ အားလုံးကို ဘာကြောင့်သတ်ရသလဲဆိုတဲ့ မေးခွန်းကို မေးချင်ပါတယ်။  အခုဆို ကျွန်တော်တို့ မိသားစုဘဝ ဘယ်လောက်ပျက်သွားပြီလဲ။         ကျွန်တော်တို့ တောင်သူတွေ ခဲကုန်းတွေမှာ လုပ်စားကြရပါတယ်။ အခု ကျွန်တော်တို့ရဲ့ ရှိစုမဲ့စုလေးတွေ ကုန်သွားပါပြီ။ ဆိုင်ကယ်တွေ၊  မီးစက်တွေ၊  စပါးပုတ်တွေ၊ ပဲစင်းငုံ တင်း ၅၀ မီးလောင်သွားပါပြီ။ မနှစ်က ကုလားပဲ အကျန်တွေ၊   မြေဩဇာတွေ၊  ဆီပုံးတွေ၊ နွားစာ စဉ်းစက်တွေကို ကျွန်တော်တို့ ဘယ်လိုပြန်တည် ဆောက်ရမလဲ။  လှည်းလည်း     တစ်ခြမ်းလောင် သွားတယ်။       ကိုယ်ချင်းစာပါ။     ကျွန်တော်တို့ တောင်သူတွေဘဝက ဘာမှမသိဘူးဗျ။ မသိတဲ့ လူတန်း စားတွေကိုမှ ဘာလို့အနိုင်ကျင့်ရတာလဲ။ ကျွန်တော် တို့ ဘဝလေးကို ငြိမ်းငြိမ်းချမ်းချမ်းနေတာပါ။ ပြည်သူ လူထုတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေဘဝကို အိုးမဲ့၊ အိမ်မဲ့ဖြစ်အောင် ဘာကြောင့်များ လုပ်နေရ တာလဲ။ ကျွန်တော်တို့နေရာကို ခင်ဗျားတို့ကိုယ်တိုင် ဝင်ပြီးခံစားကြည့်ပါ။ ကျွန်တော်တို့ သား၊ သမီးတွေ ကို ဘယ်လိုများ ကျောင်းထားရတော့မလဲ။ ဒါတွေကို ကိုယ်တိုင်ခံစားကြည့်ပြီးမှ လုပ်မယ်ဆို ပိုမကောင်း ဘူးလား။ အခု ကျွန်တော်တို့ဘဝတွေ ပျက်သွားပြီ၊ လမ်းပေါ်ရောက်သွားပြီ။   အိမ်လည်းမရှိတော့ဘူး။ ပြည်သူတွေကို ခင်ဗျားတို့ သက်ညှာပေးပါ။ ပြည်သူ့ စစ်ဖွဲ့တာနဲ့ ဘာကြောင့်လုပ်ရတာလဲကို PDF တွေ အားလုံးကို မေးချင်တယ်။ ကျွန်တော်တို့ အေးအေး ဆေးဆေးနေနေတဲ့ ပြည်သူတွေရဲ့ဘဝကို ဘာကြောင့် သတ်ဖြတ်ချင်ရတာလဲ၊ ဘာကြောင့် ဖျက်ဆီးချင်ရတာ လဲ ကျွန်တော်တို့ကို ဖြေပေးသွားပါ။ ကျွန်တော်တို့ဘဝ တွေက မပြောပြနိုင်လောက်အောင် ခံစားနေရပြီး ခင်ဗျားတို့က  အောင်ပွဲခံနေကြတယ်။  ဒါပေမယ့် ကျွန်တော်တို့ရဲ့ သား၊ သမီးတွေကို ကိုယ်ချင်းစာပေး ပါ၊   ပြည်သူလူထုကို  ကိုယ်ချင်းစာပေးပါ။  အခု မီးလောင်ပြင်ကြီးဖြစ်သွားတော့ နွားတွေလည်း မစား ရဘဲ ငတ်နေကြတာကို သိရဲ့လား။ ကျွန်တော်တို့က အေးအေးဆေးဆေးနေချင်တာ။ ဒါပေမယ့် ခင်ဗျား တို့က ရက်ရက်စက်စက် သတ်ပစ်တယ်။ ခင်ဗျားတို့ အပေါ် ဘာတွေများ ကျူးလွန်ခဲ့လို့လဲ။ 

 


အမျိုးသမီးတစ်ဦး


အိမ်ဆိုရင် ထရံကာ မြေစိုက်တစ်ထပ်အိမ် ဖြစ်ပါ တယ်။ နှမ်းအိတ်၊ ဆန်အိတ်၊ ပဲစင်းငုံ၊ အဝတ်ချုပ်စက်က အစ အကုန်ဘာမှမကျန်ဘူး။ ကျုပ်တို့က ဘာအပြစ်မှ မရှိဘဲ    ဘဝဆိုးအောင်   လုပ်သွားတယ်။  အခုဆို အပြစ်မဲ့တဲ့ အဘိုးအိုကြီးကို ရက်စက်စွာ သတ်သွား တယ်။ အခု ကျုပ်တို့က အမေအိုကြီးနဲ့အတူ ခံစား နေရတယ်။ အိမ်သားတွေလည်း မရှိဘူး။ ဘေးအိမ် တွေကလည်း သူတို့ အိမ်နဲ့သူတို့ဆိုတော့ အဖေအိုကြီး ကို  မကယ်နိုင်ကြဘူး။  ကျုပ်တို့ သုံးယောက်ကို ခေါ်သွားကြပြီ၊   အဖေအိုကြီးကို  ဘာကြောင့်များ ရက်စက်သွားရတာတုံးလို့         မေးချင်ပါတယ်။   သားတစ်ယောက်က ထိုင်းမှာ၊ မြေးတွေက ဖားကန့်၊ ရန်ကုန်၊ မန္တလေးတို့မှာ အလုပ်လုပ်နေကြတယ်။ အခု  ကျုပ်တို့ဘဝကို ဘယ်လိုများလုပ်ရမှာတုံး၊ ကျုပ်တို့ ဘဝက ဆုံးပြီ။ ဘယ်လိုလုပ်ကိုင်စားရမှာတုံး၊ အိုးမဲ့၊ အိမ်မဲ့ဖြစ်နေပြီ။ ခြုံစရာစောင်တောင် သူများဆီက တောင်းနေရတဲ့အဖြစ်  ရောက်နေပြီ။  ကျုပ်တို့က အများကြိုက်အောင်လည်း   လိုက်ပါတယ်။  ဘာမှ မုန်းအောင်လည်း မပြောပါဘူး။ အဘိုးကြီးဆိုလည်း ဘာမှကို မပြောတာပါ။ အခုတော့   အဘိုးကြီးကို  သူတို့မို့  ရက်စက်တယ်။ ဘယ်လိုကြောင့် ရက်စက် တယ်ဆိုတာကို သိချင်ပါတယ်။ 

 


အမျိုးသားတစ်ဦး(လူလတ်ပိုင်း)


စစ်ကိုင်းတိုင်းဒေသကြီး   ပုလဲမြို့  အင်ကြင်း ကျေးရွာမှာနေတဲ့ ပြည်သူတစ်ယောက်ပါ။ ကျွန်တော် တို့ရွာကို   ပြည်သူ့စစ်ကာကွယ်ရေးဖွဲ့မယ်ဆိုပြီး ရောက်လာခဲ့တယ်။ ရောက်လာပြီး မကျေနပ်လို့ဆိုပြီး ပုလဲမြို့နယ်အတွင်းမှာရှိတဲ့ PDF တွေနဲ့ ကျွန်တော် တို့ရွာမှာရှိတဲ့ PDF တွေ ပူးပေါင်းပြီး ၃၀-၁-၂၀၂၂ ရက်နေ့   ညနေ  ၄  နာရီခွဲလောက်မှာ မီးလောင် တိုက်သွင်းခဲ့ပါတယ်။ မီးလောင်တိုက်သွင်းတဲ့အချိန် မှာ အပြစ်မဲ့တဲ့သူတွေကို “(ဆဲဆို၍)(ရှို့ကြဟေ့၊ ရှို့ကြ ဟေ့)ဆိုပြီး မီးလောင်တိုက်သွင်းခဲ့ပါတယ်။ မီးလောင် တိုက်သွင်းတဲ့အချိန်မှာ အပြစ်မဲ့တဲ့ ပြည်သူတွေကို ထွက်ပြေးရင်ပစ်သတ်တယ်။ မပြေးရင် မီးထဲထည့် ပစ်တယ်။ အဲဒီလောက်ထိ ဘာကြောင့် ရက်စက်တာ လဲ။ အခု ကျွန်တော်တို့မှာ ဘယ်လောက်ခက်ခဲလဲ ဆိုရင် စာသင်ကျောင်းထဲမှာ မိသားစုတွေ နေစရာမရှိ၊ စားစရာမရှိ၊ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဘာမှ ကို မယူနိုင်ခဲ့ဘူး။  စုဆောင်းခဲ့တဲ့  မိုးတွင်းသီးနှံတွေ လည်း ဘာမှမရောင်းရသေးဘူး။ မရောင်းရသေးတဲ့ ပဲတွေကို  ပုတ်ထဲမှာ  ထည့်ထားတာ  အကုန်လုံး မီးလောင်သွားတယ်။

 


 အဆိုပါ PDF အမည်ခံ အကြမ်းဖက်သမားများ   မီးရှို့ခဲ့သည့်  အင်မထီးကျေးရွာသို့ ဇန်နဝါရီ ၃၁ ရက် မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် အဖွဲ့ဝင်များက သွားရောက်၍ ဒေသခံကျေးရွာသူ၊ ကျေးရွာသားများ အား   ကျေးရွာစာသင်ကျောင်း၌  တွေ့ဆုံအားပေး စကားပြောကြားပြီး ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများ၊ အသုံးအဆောင်ပစ္စည်းများ၊   ထောက်ပံ့ငွေများနှင့် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များက  လိုအပ်သည့်  လုံခြုံရေး လုပ်ငန်းများကို   တိုးမြှင့်ဆောင်ရွက်ပေးလျက်ပြီး    ကျေးရွာသူ၊ ကျေးရွာသားများအား နေအိမ်များတွင် အေးချမ်းစွာ ပြန်လည်နေထိုင်နိုင်ရန် ကူညီကယ်ဆယ် ရေးလုပ်ငန်းများနှင့်    ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုလည်း  ဆက်လက်ဆောင်ရွက်ပေး လျက်ရှိရာ ပြည်သူလူထုအနေဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင် ရွက်ပေးရန် လိုအပ်ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်