ပြည်သူအားလုံးနှင့် ထိုက်တန်သည့်ဒီမိုကရေစီ

Type

ဒီမိုကရေစီစနစ်ဟာ       တိုင်းပြည် အုပ်ချုပ်တဲ့စနစ်တွေအနက်    အခက်ခဲ ဆုံးစနစ်တစ်ခုဖြစ်ပြီး       ပြည်သူ ပြည်သားတွေရဲ့      အသိဉာဏ်ပညာနဲ့ ဆင်ခြင်တုံတရား     မလုံလောက်ခဲ့ဘူး ဆိုရင် ဒီမိုကရေစီစနစ်ဟာ  ဗရုတ်သုတ်ခ ဖြစ်စေနိုင်တယ်လို့  မြန်မာနိုင်ငံသား ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်က ဆိုခဲ့ဖူးသည်။


ဒီမိုကရေစီရဲ့အနှစ်သာရ


ထို့အတူ         လွတ်လပ်ရေးဖခင် ကြီး      ဗိုလ်ချုပ်အောင်ဆန်းကလည်း ဒီမိုကရေစီဆိုတာ   ပြည်သူတွေက ရွေးချယ်တင်မြှောက်ပေးရုံ၊    အစိုးရ အဖွဲ့ဖွဲ့ရုံနဲ့မပြီးဘဲ   ပြည်သူ့အရေးကို ရှေ့တန်းတင်၊      ပြည်သူ့ဘဝကို မြှင့်တင်၊   သိမြင်အောင်ဆောင်ရွက်နိုင်မှ ဒီမိုကရေစီရဲ့အနှစ်သာရ၊    ပြည်သူ တွေမျှော်မှန်းတဲ့  ဒီမိုကရေစီဖြစ်မည်ဟု မိန့်ခွန်းတစ်ရပ်၌ ပြောကြားခဲ့ဖူးသည်။
ဒီမိုကရေစီစနစ်သည် ပြည်သူ့ထံမှ ဆင်းသက်လာသည့်     အာဏာအရ အုပ်ချုပ်သည့်       စနစ်တစ်ခုဆိုလျှင် မပြည့်စုံသေး၊          ဒီမိုကရေစီစနစ်၏        အလိုအပ်ဆုံးအခြေခံနှစ်ခုမှာ စည်းနှစ် စည်းဖြစ်သည့်     စည်းကမ်းရှိမှုနှင့် စည်းလုံးညီညွတ်မှု     လိုအပ်သည်။ ထို့အပြင်   တရားမျှတမှု၊  လုံခြုံပြည့်ဝမှု၊ တန်းတူရည်တူရှိမှုဟူသည့်လူမှုရေးရာ အကြောင်းအရာများ       ပါဝင်သလို လူအများ၏   စိတ်ဓာတ်အရည်အသွေး များဖြစ်သည့်       သည်းခံခွင့်လွှတ်မှု၊ စိတ်ရှည်နားလည်မှုတို့လိုအပ်သည်။


ဒီမိုကရေစီ      ဘိုးအေကြီးများဟု ခေါ်ဆိုထိုက်သည့်          နိုင်ငံများတွင် လူမျိုးရေး၊ ဘာသာရေး၊ ပညာရေး အစစ အရာရာ         တန်းတူညီမျှမှုရှိသည်။ ကောင်းလေစွ။  သို့တိုင်အောင်  အစွန်း ရောက်အကြမ်းဖက်သမားတို့ တိုက်ခိုက် မှုလည်း  မကင်းသေးချေ။    အပြစ်မဲ့ ပြည်သူများကို အစွန်းရောက်သူများက သတ်ကြဖြတ်ကြသည့်အခါ ဒီမိုဘက်တော် သားများက   ငါတို့ဒီလောက် ဒီမိုကရေစီ ပိုင်ဆိုင်ထားလျက်နှင့်ဆိုကာ  ခံပြင်းကြ သည်။


ပြဿနာ၏အစ


ဥပမာအားဖြင့်  ပြင်သစ်နိုင်ငံ  ပါရီ မြို့က ချာလီဟဘ်ဒို ကာတွန်းမဂ္ဂဇင်း တိုက်ကို       အကြမ်းဖက်သမားများ       ဘာကြောင့် ဝင်ရောက်ပစ်ခတ်ခဲ့သလဲ။   လွတ်လပ်စွာ    ထုတ်ဖော်ပြောဆိုခွင့် ဟူသည့်      ဒီမိုကရေစီ၏စံနှုန်းဖြင့်  တစ်ဖက်ကို   ထိခိုက်စေခဲ့မိခြင်းသည်     ပြဿနာ၏အစဖြစ်သည်။     ကမ္ဘာတွင်   ဒီမိုကရေစီတော်လှန်ရေးကို  စတင်ခဲ့သည့် ပြင်သစ်တို့က    လွတ်လပ်ခြင်းဟူသည့် လက်ဝဲအတွေးအခေါ်အပြည့်ဖြင့်  အခြား သူများ တန်ဖိုးထားသည့်          အရာ အချို့ကို ချိုးဖောက်မိရာ၊  ဆွမိရာရောက် ခြင်းဟု   ပြောဆိုဝေဖန်ကြခြင်းများရှိခဲ့ သည်။ အစိုးရက လွတ်လပ်စွာဖော်ထုတ် ရေးသားခွင့်ကို    ကာကွယ်ဖို့နှင့်   အစွန်း ရောက်   အကြမ်းဖက်ဝါဒကို  လက်မခံ ကြောင်း ကြေညာခဲ့သည်။ 


ဒီမိုကရေစီနှင့်မလျော်


အကြမ်းဖက်ခြင်းကို       လက်သင့် မခံသည့်တိုင်   ထိလွယ်ရှလွယ်ကိစ္စရပ် များနှင့်      စံသတ်မှတ်မှုတန်ဖိုးများကို မထီမဲ့မြင်မှုသည်     ဒီမိုကရေစီနှင့် မလျော်ဟု ယူဆမိပါသည်။ ဒီမိုကရေစီ သည်       မည်သူတစ်ဦးတစ်ယောက် အပေါ်မျှ    ထိခိုက်မှု၊    အဟန့်အတား၊ စိတ်အနှောင့်အယှက်      မဖြစ်စေဘဲ ဥပဒေဘောင်အတွင်းမှာ နေထိုင်သည့် လွတ်လပ်ခြင်းမျိုး၊           သူတစ်ပါးက ဥပဒေနှင့်အညီ     လွတ်လပ်စွာနေထိုင် ခြင်းကို   လေးစားအသိအမှတ်ပြုခြင်း မျိုးသာ   ဖြစ်သင့်သည်။    ထို့ကြောင့်ပင် စစ်မှန်၍      စည်းကမ်းပြည့်ဝသော ဒီမိုကရေစီသည်သာ     အကောင်းမွန်ဆုံး သော  ဒီမိုကရေစီနည်းလမ်းဟု  ဆိုချင် ပါသည်။


ဒီမိုကရေစီနှင့် 
အလှမ်းဝေးနေဦးမည်


ဒီမိုကရေစီစနစ် အခြေခံဖြစ်သည့် စည်းကမ်းရှိမှုဟုဆိုလိုက်လျှင် လမ်းပေါ် ကွမ်းတံတွေးထွေး၊ အမှိုက်ပစ်သည်ကိုသာ ဆိုလိုသည်မဟုတ်၊   ထိုမှအစ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ လူမျိုးရေး၊ စီးပွားရေး အစရှိသည့်        နယ်ပယ်အသီးသီး၌ စည်းစနစ်တကျနှင့်   ပြည်သူပြည်သား တိုင်းက အံဝင်ခွင်ကျ၊ နိုင်ငံကြီးသားပီသ စွာ နေထိုင်နိုင်ဖို့လိုအပ်ပါသည်။ ထို့အတူ ဒီမိုကရေစီစနစ်ကို       ပိုင်ဆိုင်လိုသည့် နိုင်ငံသားများ          ဖြစ်သည်ဟုဆိုကာ ငါနှင့်မတူ ငါ့ရန်သူစိတ်ထားပြီး တစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်ပြည်နယ် နှင့်တစ်ပြည်နယ်၊  တစ်ပါတီနှင့်တစ်ပါတီ တိုက်ခိုက်ရန်လို       အပြစ်ရှာနေလျှင် စည်းလုံးညီညွတ်မှုအားနည်းပြီး ဒီမိုကရေစီ နှင့်အလှမ်းဝေးနေဦးမည်ပင်။ ဒီမိုကရေစီ နိုင်ငံသားများဟုဆိုပြီး  နိုင်ငံ့အကျိုးစီးပွား အတွက်      ဘယ်ဘက်ကမျှကူညီမှုမရှိ၊ ကန့်လန့်တိုက်   ထင်ရာစိုင်းနေကြမည်ဆို လျှင်လည်း   ဒီမိုကရေစီတာရှည်ခံမည် မဟုတ်။


ထို့အတူ  နိုင်ငံအလိုက်  ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ပုံသဏ္ဌာန်များကလည်း ထပ်တူကျနိုင်မည်မဟုတ်ပါ။ ဒီမိုကရေစီကို အခြားနိုင်ငံတစ်ခုကနေ မှာယူတင်သွင်းဖို့ ကြိုးစား၍လည်း မရနိုင်ပါ။ ဥပမာအားဖြင့် အင်္ကျီချုပ်သမားသည်  အဝတ်တစ်ထည် ချုပ်လုပ်နိုင်ဖို့အတွက် အတိုင်းအတာကို သိရှိကာ မလိုအပ်သည်များကိုဖြတ်ညှပ်၍ လည်းကောင်း၊     ဝတ်ဆင်မည့်သူနှင့် လိုက်ဖက်ညီမည့်     အဆင်တန်ဆာတို့ကို ထည့်သွင်း၍လည်းကောင်း  အထည်ကို အကောင်းဆုံး        ချုပ်လုပ်ကြသကဲ့သို့ ဒီမိုကရေစီသည်လည်း နိုင်ငံတစ်နိုင်ငံချင်း စီ၏            နိုင်ငံရေးဖြတ်သန်းမှု၊       လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု၊ အလေ့အထနှင့် တိုင်းသူပြည်သားများ၏    တန်ဖိုးထားမှု စံနှုန်းများ၊   ပညာအရည်အချင်းများ၊  စိတ်ဓာတ်အခြေအနေများ၊   တွေးခေါ်မှု အယူအဆများ စသည့်   မတူညီသည့် အချက်များကို ထည့်သွင်းစဉ်းစားပြီးမှသာ အသင့်လျော်ဆုံးဖြစ်မည့်    ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု    (Democratization)    အဆင့်ဆင့်ကို ပြည်သူများအားလုံးက   ဝိုင်းဝန်းပုံဖော်ပေးကြရဖို့ လိုအပ်မည်ဟု    စာရေးသူကတော့ ထင်မြင်မိပါသည်။


တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်  ဆောင်ရွက်ကြရမည်


မိမိတို့နိုင်ငံနှင့် ဒီမိုကရေစီခရီးသည် ၂၀၀၈ခုနှစ်တွင် ပေါ်ထွက်ခဲ့သည့် ဖွဲ့စည်း ပုံအခြေခံဥပဒေမှ စတင်သည်။     ယင်း အခြေခံဥပဒေဖြင့်    အရပ်သားအစိုးရ နှစ်ဆက်      တာဝန်ယူခဲ့ပြီးဖြစ်သည်။   ဒီမိုကရေစီ     ပြုပြင်ပြောင်းလဲခြင်း၏  အခြေခံလုပ်ငန်းစဉ်သည် လွတ်လပ်ပြီး  တရားမျှတသော    ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ   ကျင်းပခြင်း ဖြစ်ပါသည်။ ပြည်သူရွေးချယ်မှုဖြင့် တာဝန် ယူ၊ တာဝန်ခံမည့်     အစိုးရတစ်ရပ်သည် ရှေ့အစိုးရအဖွဲ့တို့၏ အားနည်းချက်များ ကိုပြုပြင်ရင်း  အားသာချက်များကို အခြေခံ ကာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်  ဆောင်ရွက်ကြရမည်မဟုတ်ပါလား။


သို့တိုင် ၂၀၂၀ ပြည့်နှစ် ရွေးကောက် ပွဲ၌         မဲမသမာမှုများစွာဖန်တီး၍ နိုင်ငံတော်အာဏာကို  အတင်းရယူရန် ကြိုးပမ်းသူများကြောင့်      ဒီမိုကရေစီ လမ်းကြောင်း တုံ့ဆိုင်းခဲ့ရပြီ။    ရိုးသားမှု မရှိသည့်  ရွေးကောက်ပွဲ၊   ရွှေရည်စိမ် ဒီမိုကရေစီ၊  တစ်ပါတီကောင်းစားရေး ဟူ၍      သမိုင်းအမည်းစက်တင်ခဲ့ပြီ။ ထို့ကြောင့်     နိုင်ငံတော်ကို အရေးပေါ် အခြေအနေကြေညာ၍  တပ်မတော်က ထိန်းသိမ်းပေးကာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီကို  စစ်ဘက်၊ အရပ်ဘက် ပုဂ္ဂိုလ်များဖြင့်   ဖွဲ့စည်း၍ ဦးတည်ချက်၊ ရည်မှန်းချက်များဖြင့်  တာဝန်လွှဲပြောင်း ရယူထားခဲ့ရသည်မှာ     ရာသီစက်ဝန်း တစ်ပတ်လည်ခဲ့ပြီ။
အရေးပေါ်ကာလဆိုင်ရာ  ပြဋ္ဌာန်း ချက်များနှင့်အညီ  ဆောင်ရွက်ဖွယ်ရာ များ ပြီးစီးသွားချိန်တွင်    လွတ်လပ်၍ တရားမျှတသော    ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး   ကျင်းပ သွားမည်။  ထိုအခါ   ပါဝင်သင့်၊   ပါဝင် ထိုက်သူများအားလုံး   ပါဝင်လာနိုင်ရန် အတွက် ရွေးကောက်ပွဲစနစ်များ  ညှိနှိုင်း သတ်မှတ်ခြင်း၊    လူတိုင်းမဲပေးနိုင်ရန် နိုင်ငံသားကတ်ပြားများ   ထုတ်ပေးခြင်း စသည်တို့ကိုလည်း        နိုင်ငံတော်  စီမံ အုပ်ချုပ်ရေးကောင်စီက ဦးစီးဆောင်ရွက် နေကြသည်။  နိုင်ငံ၏ စီးပွားရေး၊ လူမှု ရေး၊ ငြိမ်းချမ်းရေးစသည့် ကဏ္ဍအသီးသီး တွင်လည်း မြင့်မားတိုးတက်စေဖို့ ဆောင် ရွက်ပေးလျက်ရှိသည်။ ထို့အတူ ဒီမိုကရေစီ အရေခြုံအကြမ်းဖက်သမား၊ နိုင်ငံ့သစ္စာ ဖောက်များနှင့်   အဖျက်သမားများ၏ ရန်ကိုလည်း  တားဆီးပေးလျက်ရှိသည်။ ယင်းသည်ပင်ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အဆင့်များဖြစ်သည်။


ပြည်သူများ လိုလားတောင့်တသည့်   ပါတီစုံဒီမိုကရေစီစနစ်


စင်စစ်        ဒီမိုကရေစီစနစ်သည် လူတစ်ဦး၏      နှုတ်ထွက်စကားနှင့် စိတ်ကူးပေါက်ရာကို  အကောင်အထည် ဖော်ရသည့်   နိုင်ငံရေးစနစ်မျိုးမဟုတ် သကဲ့သို့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု တွင် အဆင့်လိုက်၊ အဆင့်လိုက် စည်းလုံး ညီညွတ်စွာဆောင်ရွက်မှသာ   ပြည်သူ များ  လိုလားတောင့်တသည့်   စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ကို တရားမျှတမှုအပြည့် ကျင့်သုံး လာနိုင်မည်။  ဒီမိုကရေစီနှင့်  ဖက်ဒရယ် စနစ်ကိုအခြေခံသည့်   ပြည်ထောင်စု စနစ်တကျပေါ်ထွက်လာမည် ဖြစ်ပါသည်။


ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးခရီးသည်  လွယ်ကူချောမွေ့သည့်  ခရီးစဉ် တော့မဟုတ်ပါ။  ပြည်သူတင်မြှောက် သည့်အစိုးရသည်  ကောင်းမွန်သော အုပ်ချုပ်ရေးကို   တည်ဆောက်ရမည်၊ ရိုးသားမှု၊  ပွင့်လင်းမြင်သာမှု၊   တရား ဥပဒေ စိုးမိုးမှုစသည်တို့ကို   တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့်       ကြိုးပမ်း ထမ်းဆောင်ရမည်ဖြစ်သကဲ့သို့ ပြည်သူ လူထုသည်လည်း  စည်းလုံးညီညွတ်မှု၊ စည်းကမ်းပြည့်ဝမှုနှင့်  တရားဥပဒေ စိုးမိုးစေဖို့  ကူညီထမ်းရွက်ကြဖို့လိုအပ် ပါသည်။ ဒီမိုကရေစီသည် အလိုအလျောက် ရရှိလာမည့် အခွင့်အရေးမဟုတ်၊ ပြည်သူ များက တက်ကြွစွာဖြင့်     ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များအပေါ် နှလုံးသားအပြင်  ဦးနှောက်အသိတရား နှင့်ပါ ဆောင်ရွက်သင့်ပါသည်။


ဒီမိုကရေစီဟူသောဝေါဟာရ


ဒီမိုကရေစီဟု တွင်တွင်သုံးစွဲနေသူ တို့သည် ဒီမိုကရေစီနှင့် လားရာဆန့်ကျင် နေသည့်   အကြမ်းဖက်လုပ်ရပ်များကို လက်ခံ၍မဖြစ်၊ အယူအဆမတူ၊ ရပ်တည် ချက်မတူတိုင်း ဒီမိုကရေစီမဟုတ်ဘူး ဟူ၍        မျက်စိမှိတ်ခံငြင်းနေ၍မရ။ ဒီမိုကရေစီ   (Democracy)   ဟူသော ဝေါဟာရကို  အဓိပ္ပာယ်ဖွင့်ဆိုရာတွင် Discipline (စည်းကမ်းရှိမှု)၊ Equality (တန်းတူညီမျှရှိမှု)၊ Morality (ကိုယ်ကျင့် တရားကောင်းမွန်မှု)၊   Organization (အတူတကွပေါင်းစည်းမှု)၊   Citizen (နိုင်ငံကြီးသားပီသမှု)၊       Religion (ဘာသာတရားအပေါ်       လေးစားမှု)၊ Ability (စွမ်းရည်ရှိမှု)၊ Chief (ဦးဆောင် ဦးရွက်ပြုမှု)နှင့်      Youth (တက်ကြွ ဖျတ်လတ်မှု) ဟူ၍  တင်စားခိုင်းနှိုင်း ကြသည်။ ထိုဝေါဟာရများ၊ အဓိပ္ပာယ် များသည်    ဒီမိုကရေစီအစိုးရကိုသာ ကိုယ်စားပြုသည်မဟုတ်၊   ဒီမိုကရေစီ နိုင်ငံသားတို့ကိုလည်း ကိုယ်စားပြုသည်။ နိုင်ငံသားတို့က ပူးပေါင်းပေးမှသာ မိမိ တို့နှင့်ထိုက်တန်သည့်   ဒီမိုကရေစီကို အမှန်ပိုင်ဆိုင်မည်ဖြစ်ပါသည်။


မိမိတို့မြန်မာနိုင်ငံသူ နိုင်ငံသားများ အားလုံး မျှော်လင့်တောင့်တနေသည် ကား စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နှင့်     ဖက်ဒရယ်စနစ်ကို   အခြေခံသည့် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင် ရေးပင်ဖြစ်ပါသည်။ အချို့သောသူများ ကဲ့သို့ ဒီမိုကရေစီရရှိရေး  ဒီမိုကရေစီ ရရှိရေးဟု အော်ဟစ်ကြွေးကြော်နေခြင်း၊ ကန့်လန့်တိုက်ဆန္ဒပြ၊   ချုံခိုတိုက်ခိုက် နေခြင်းတို့ဖြင့် အချိန်မကုန်ဆုံးစေလိုပါ။ ဒီမိုကရေစီ၏ အနှစ်သာရ၊ အမှန်တရား ကို   သိမြင်နားလည်၍   မိမိတို့နိုင်ငံနှင့် အသင့်တော်ဆုံးဖြစ်မည့်   ဒီမိုကရေစီ ပြုပြင်ပြောင်းလဲခြင်း     အဆင့်တိုင်းကို ပြည်သူတိုင်းက      စည်းကမ်းတကျ၊ စည်းစည်းလုံးလုံး     ဖော်ဆောင်ရင်း ဒီမိုကရေစီနိုင်ငံတော်ကြီးကို    ပိုင်ဆိုင်ကြ ရမည့်အချိန်သာဖြစ်ပါကြောင်း။         ။