ဒီမိုကရေစီမှ ပြည်သူတို့၏အခန်းကဏ္ဍ

 

၂၀ ရာစု၏   နောက်ဆုံးဆယ်စုနှစ်များအတွင်း ဘာလင်တံတိုင်း ပြိုလဲသွားခြင်း၊ ဆိုဗီယက်ပြည်ထောင်စုကြီး  အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားခြင်းနှင့်အတူ   အယူဝါဒချင်း  ခြားနားကြသည့် အရှေ့ နှင့်အနောက်အုပ်စုကြီးနှစ်ခုကြားမှ စစ်အေးတိုက်ပွဲလည်း ပြီးဆုံး သွားသည်။ ထိုအချိန်မှစ၍ ယခင်လက်ဝဲနိုင်ငံများအတွင်း ဆိုရှယ် လစ်၊ ကွန်မြူနစ်ဝါဒများနှင့်  ဗဟိုချုပ်ကိုင်သည့်စီးပွားရေးပုံစံ မအောင်မြင်မှုများ၊ တစ်ပါတီအစိုးရများ၏ အာဏာရှင်ဆန်မှုများ ကို အကြောင်းပြုကာ ဒီမိုကရေစီစနစ်ကို အစားထိုးလာကြသည်။ သို့ရာတွင် အာဏာရှင်အစိုးရများကို ဒီမိုကရက်တစ်အစိုးရများ နှင့် အစားထိုးလဲလှယ်လိုက်နိုင်သည့်တိုင်အောင်    နိုင်ငံအနေဖြင့် တည်ငြိမ်သည့် ဒီမိုကရက်တစ်နိုင်ငံများ အလွယ်တကူ ဖြစ်မလာ ကြသည်ကိုလည်း‌ တွေ့မြင်ကြရသည်။

 


ကမ္ဘာ့နိုင်ငံရေးသုတေသီများ၏အဆိုအမိန့်အရ ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံ တည်ဆောက်နိုင်ရန်အတွက် ကနဦးအခင်းအကျင်း များ ထူထောင်ထားရန်လိုအပ်သလို ပြုပြင်ပြောင်းလဲမှုအတွက် အချိန်ကာလတစ်ရပ်လည်း လိုအပ်သည်ဟု ဆိုကြသည်။ ကမ္ဘာ့ ထိပ်တန်း ဒီမိုကရေစီ ရှေ့ဦးနိုင်ငံကြီးများဖြစ်ကြသည့် အမေ ရိကန်နှင့် အ‌နောက်ဥရောပနိုင်ငံများသည်ပင်လျှင် လက်ရှိအခြေ အနေသို့မရောက်မီ နှစ်ပေါင်းရာနှင့်ချီ၍ အသက်၊ သွေး၊ ချွေး တို့နှင့်ရင်းကာ  တည်ဆောက်ခဲ့ကြရခြင်းဖြစ်သည်။ သို့ရာတွင်  ၎င်းနိုင်ငံများအနေဖြင့် ၎င်းတို့ကိုယ်တိုင်   ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းကို မေ့လျော့ကာ အခြားနိုင်ငံများကို   ဖိအားပေး သည့်နည်း၊ ကူညီထောက်ပံ့သည့်နည်းများဖြင့် အနောက်တိုင်း ပုံစံ ဒီမိုကရေစီဇာတ်သွင်းလေ့ရှိကြသည်ကို တွေ့မြင်နိုင်သည်။ ကဒါဖီနှင့် ဆက်ဒမ်ဟူစိန်တို့ကဲ့သို့သော အာဏာရှင်ဟု ၎င်းတို့က ရှုမြင်ထားသည့်  ခေါင်းဆောင်များကို     စစ်ရေးနည်းလမ်းဖြင့် ဝင်ရောက်စွက်ဖက်ဖြုတ်ချခဲ့သော်လည်း လစ်ဗျားနှင့် အီရတ်တို့ ဒီမိုကရေစီနိုင်ငံဖြစ်မလာခဲ့၊။   အလားတူ အာဖဂန်နစ္စတန်တွင် လည်း နှစ်ပေါင်း ၂၀ ကြာ ဒေါ်လာ ၂ ဒသမ ၂၆ ထရီလီယံ ကုန်ကျ ခံ၍ အမေရိကန်စစ်သည် ၂၄၀၀ ကျော်၊ ပုဂ္ဂလိကလက်နက်ကိုင် အေဂျင်စီများမှ ကြေးစား ၃၆၀၀ ကျော်၊ နိုင်ငံစုံတပ်ဖွဲ့ဝင်ပေါင်း ၁၀၀၀ ကျော် အသက်စတေးကာ ထိန်းချုပ်ခဲ့သော်လည်း အာဖဂန် အရပ်သူ အရပ်သား  ၄၇၀၀၀ ကျော်နှင့် အာဖဂန်စစ်သည် ၇၀၀၀၀ ခန့်တို့ သေဆုံးခြင်းနှင့် တာလီဘန်တို့ ပြန်လည်အာဏာရလာ ခြင်းတို့သာ အဖတ်တင်ခဲ့သည်။  အမေရိကန်တို့အလိုကျ အာဖဂန် နစ္စတန်သည် ဒီမိုကရေစီနိုင်ငံဖြစ်မလာဘဲ ရှေးရိုးစွဲဝါဒီတို့ လက်ထဲ သို့သာ ပြန်လည်ရောက်ရှိသွားခဲ့သည်။

 


မိမိတို့နိုင်ငံ၏ ဒီမိုကရေစီသက်တမ်းသည် ၁၀ နှစ်သက်တမ်း သာရှိနေသေးသည့်အတွက် လွန်စွာနုနယ်သေးသည်။ မဲမသမာမှု များ  ဖြစ်ပေါ်ခြင်း၊ ထိန်းသိမ်းပြုပြင်တည့်မတ်ခြင်းတို့မှာ ဒီမို ကရေစီနိုင်ငံ   ထူထောင်သည့်      ဒီမိုကရက်တိုက်ဇေးရှင်း လမ်းကြောင်းတွင် တစ်ချိန်မဟုတ်တစ်ချိန် ကြုံတွေ့နိုင်ဖွယ်ရှိ သည်သာဖြစ်သည်။ ဒီမိုကရေစီ၏တရားကိုယ်သဘောကပင် အကောင်းဆုံးဟုဆိုသည့်တိုင် အပြစ်အနာအဆာတို့နှင့်လည်း မကင်းဟုဆိုထားရာ ပြုပြင်ခြင်း၊ မွမ်းမံခြင်းတို့ဖြင့် တည်ငြိမ်  ခိုင်မာသည်အထိ မမှိတ်မသုန်၊ ယုံယုံကြည်ကြည်ဖြင့် ဇွဲ၊ လုံ့လကို အရင်းတည်ကာ တည်ဆောက်သွားကြရမည်ဟု ယုံကြည်သည်။ 

 


ဒီမိုကရေစီနိုင်ငံတည်ဆောက်ရာတွင်    နိုင်ငံသားများ၏ စိတ်ဓာတ်မြင့်မားရန်၊ ဉာဏ်အမြော်အမြင်ပြည့်ဝရန်၊ နိုးကြား တက်ကြွရန်နှင့် အများအကျိုးဆောင်ရန် အရည်အချင်းများရှိကြ ရန် လိုအပ်သည်။ နိုင်ငံသားများထဲမှ ကိုယ်စားလှယ်များကို နိုင်ငံ သားများက ရွေးချယ်တင်မြှောက်ကြခြင်းဖြင့် နိုင်ငံ၏အုပ်ချုပ် ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးမဏ္ဍိုင်ကြီးများ ပေါ်ထွန်းလာ ရခြင်းဖြစ်သည်။   ပြည်သူများ၏   အပြုသဘောဆောင်သည့် ပူးပေါင်းပါဝင်မှုများဖြင့် နိုင်ငံတည်ဆောက်ရေးတွင်   အဓိက ကျသည့် အင်အားများကို စုစည်းကာ အခက်အခဲနှင့် စိန်ခေါ်မှုများ ကို ရင်ဆိုင်ကျော်လွှားကြရမည်သာ ဖြစ်ပါကြောင်း။        ။