
နေပြည်တော် ဖေဖော်ဝါရီ ၅
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၄ ရက် နံနက် ၁၁ နာရီခွဲတွင် မိုးညှင်းမြို့နယ် ဘီလူးမြို့ကျေးရွာအုပ်စု သာယာကုန်းကျေးရွာအနီးတွင် မမိနှောင်း မောင်းနှင် လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၂၂ ကီလို သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် မိုးညှင်းမြို့နယ် ဘီလူးမြို့ကျေးရွာအုပ်စု သာယာကုန်းကျေးရွာ အိမ်အမှတ် (၆၄)ရှိ မမိနှောင်း၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၆၀ ကိုလည်းကောင်း၊ ထိုနေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ဘားအံမြို့နယ် အိန္ဒုကျေးရွာအနီး ဘားအံ-အိန္ဒုသွားကားလမ်းတွင် စောစားထူးဂါး မောင်းနှင်လာသည့် Honda Fit အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ ရဲပြန်ကြား