နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၆၆၀၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၅ 


နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၆၆၀၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁ ရက် ည ၁၀ နာရီတွင်  ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်  လားရှိုး- မန္တလေးသွားကားလမ်း အိုရီယမ် တယ်တိုးဂိတ်အနီးတွင် သီပေါမှ မန္တလေးဘက်သို့   စိုင်းမျိုးမင်းထွန်း(ခ)စိုင်းမောင်ခေး(၃၈နှစ်) မောင်းနှင်ပြီး  စိုင်းနန္ဒာအောင်(ခ)နန္ဒ(၃၆နှစ်) လိုက်ပါ လာသည့် Wish မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသ ကာလတန်ဖိုးငွေကျပ် သိန်း ၆၆၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၄၄ ကီလို သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ ဘိန်းဖြူများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့နှစ်ဦးကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း သိရသည်။

 

ရဲပြန်ကြား