တရားမဝင်သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်း၊ လက်ကိုင်ဖုန်း Handset များနှင့် လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်  ဖေဖော်ဝါရီ ၁၂


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ  ၅ ရက် တွင် ရန်ကုန်မြို့ထီးတန်းဆိပ်ကမ်း၌ တာဝန်ကျ အကောက်ခွန်ဦးစီး ဌာနနှင့် ပူးပေါင်းအဖွဲ့မှ ကွန်တိန်နာအား ဖွင့်ဖောက်စစ်ဆေးရာတွင် သွင်းကုန်ကြေညာလွှာ (ID) တွင် ပါဝင်ခြင်းမရှိသော လူသုံးကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၉၆၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

 


ဖေဖော်ဝါရီ ၁၁ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး    တရား မဝင်ကုန်သွယ်မှု   တိုက်ဖျက်ရေး အထူးအဖွဲ့၏   စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီးသစ်တော   ဦးစီး ဌာနနှင့်   ပူးပေါင်းအဖွဲ့များမှ သတင်းအရ သွားရောက်စစ်ဆေး ရာ ကြံခင်းမြို့နယ်အတွင်း တရား မဝင်သစ်မျိုးစုံ  ၂၃  ဒသမ ၁၃၃ တန် (ခန့်မှန်းတန်ဖိုး   ငွေကျပ် ၆၂၉၅၁၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေဖြင့်    အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


အလားတူ ဖေဖော်ဝါရီ ၁၂ ရက်တွင်    ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန နှင့်  ပူးပေါင်းအဖွဲ့များက သတင်း အရ   သွားရောက်စစ်ဆေးခဲ့ရာ ပဲခူး၊  တောင်ငူနှင့်  သာယာဝတီ ခရိုင်    သစ်တောကြိုးဝိုင်းများ အတွင်း     တရားမဝင်သစ်မျိုးစုံ  ၆ ဒသမ ၄၅၁၄တန် (ခန့်မှန်း တန်ဖိုးငွေကျပ်  ၁၄၀၃၀၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး  သစ်တောဥပဒေ ဖြင့်  အရေးယူဆောင်ရွက်လျက်ရှိ သည်။

 


ထို့အပြင် စစ်ကိုင်းတိုင်းဒေသ ကြီး     တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့်   ပူးပေါင်းစစ်ဆေးရေး အဖွဲ့က  ရှောင်တခင်စစ်ဆေးခဲ့ရာ ရွှေဘိုမြို့တွင် ISUZU အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀ ၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်၊ သွင်းကုန်ဥပဒေဖြင့်   အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


ထို့အတူ   ကရင်ပြည်နယ် ကော့ကရိတ်     တံတားကျိုး အမြဲတမ်း   စစ်ဆေးရေးစခန်းမှ အကောက်ခွန်    ဦးစီးဌာနနှင့် တာဝန်ကျ ဌာနဆိုင်ရာပူးပေါင်း စစ်ဆေးရေးအဖွဲ့မှ ရှောင်တခင် စစ်ဆေးရာ တရားမဝင်တင်ဆောင် လာသော လက်ကိုင်ဖုန်း Hand Set ၂၄၄လုံး (ခန့်မှန်း တန်ဖိုးငွေ ကျပ် ၂၀၄၀၀၀၀၀) နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသော Express မော်တော်ယာဉ်  တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၀၀၀ ၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၅၄၀၀၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး   အကောက်ခွန်ဥပဒေဖြင့်   အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ  ၅ ရက်၊ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ဖမ်းဆီးရမိမှု       စုစုပေါင်းမှာ              အမှုတွဲ ခြောက်မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ်  ၁၄၆၀၅၈၂၂၀) ဖြစ် ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ မှ သိရသည်။          

သတင်းစဉ်