တရားမဝင်ကျွန်းသစ်၊ စားသောက်ကုန်ပစ္စည်းများနှင့် လိုင်စင်မဲ့ဆိုင်ကယ် ဖမ်းဆီးရမိ

 

နေပြည်တော်   ဖေဖော်ဝါရီ   ၁၃


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ် မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၂ရက် တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာနနှင့် တာဝန်ကျပူးပေါင်းအဖွဲ့များက ဝေါမြို့နှင့် ရွှေသံလွင်တိုးဂိတ်အကြား ရှောင်တခင် စစ်ဆေးရာ စားသောက်ကုန်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၂၁၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

 


အလားတူ ဖေဖော်ဝါရီ ၁၃ ရက်တွင် ပဲခူးတိုင်း ဒေသကြီး သစ်တောဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့ များက     သတင်းအရ     သွားရောက်စစ်ဆေးရာ တောင်ငူနှင့်   ပြည်ခရိုင်    သစ်တောကြိုးဝိုင်းများ အတွင်း တရားမဝင်ကျွန်းသစ် တန်  ၆ ဒသမ ၇၃၄၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၁၀၁၀၀)ကို   ဖမ်းဆီး ရမိခဲ့ပြီး သစ်တောဥပဒေဖြင့် အရေးယူဆောင်ရွက် လျက်ရှိသည်။

 


ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့်   ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များနှင့် ရှောင်တခင် စစ်ဆေးခဲ့ရာ လေရှီးမြို့နယ်တွင် လိုင်စင်မဲ့ မော်တော် ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀)ကို   ဖမ်းဆီးရမိခဲ့ပြီး   ပို့ကုန်၊  သွင်းကုန်   ဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

 


သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၁၂ ရက်နှင့် ၁၃ ရက်တို့ တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲသုံးမှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၃၃၁၁၀၀) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု    တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။                   

သတင်းစဉ်