
နေပြည်တော် ဖေဖော်ဝါရီ ၂၀
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၉ ရက် ညနေ ၄ နာရီ ၁၅ မိနစ် က ဗန်းမော်မြို့ ခွန်သာရပ်ကွက်ရှိ တပ်ကလေး သင်္ဘောဆိပ်ဟောင်းအနီးတွင် ဖြိုးဟိန်းကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၇၆၅၃ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ဖြိုးဟိန်း ၂၃ နှစ်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား